ခိုထောင်းကျွန်းအမှု မျှော်လင့်ချက် ၇၀ ရာခိုင်နှုန်းရှိကြောင်း မြန်မာသံအမတ်ကြီး ပြောကြား


2014.12.06

ထိုင်းနိုင်ငံ ခိုထောင်းကျွန်းမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးရဲ့ အင်္ဂလန်မှာရှိတဲ့ မိသားစုတွေက လက်ရှိဖမ်းဆီးခံထားရတဲ့  မြန်မာလူငယ်၂ ဦး ပြစ်မှုကျူးလွန်ခဲ့ကြောင်း အထောက်အထားတွေ ခိုင်လုံနေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ချိန်မှာဘဲ ဘန်ကောက်မြို့မှာရှိတဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကလည်း ဒီအမှုနဲ့ပတ်သက်လို့ မိမိတို့ဘက်က မျှော်လင့်ချက် ၇၀ ရာခိုင်နှုန်းလောက်ရှိနေတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်မောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။