သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-02-10
ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်အစိုးရက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမယ်ဆိုရင် ကချင်လွတ်မြောက်ရေး တပ်မတော် KIA အနေနဲ့ ပြည်သူလူထုဘက်ကနေပြီး ကာကွယ်ပေးသွားမယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောလိုက်ပါတယ်။
2021-02-10
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန်မှာ စစ်အာဏာရှင်ဖီဆန်ရေး လှုပ်ရှားမှု မှာပါဝင်တဲ့ ဝန်ထမ်း ၇၀ လောက် ရှိနေပါတယ်။ ဝန်ထမ်းတချို့ကို ဌာနက မက်လုံးပေး ပြန်ခေါ်နေတာ ရုံးပြန်တက်ဖို့ ဖိအားပေးတွေ ရှိနေတယ် လို့ ဝန်ထမ်းတွေက ပြောပါတယ်။
2021-02-10
ကချင်ပြည်နယ်မှာ စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်တာတွေများလာပြီး စစ်တပ်ဘက်ကလည်း လူမစုဝေးဖို့နဲ့ ညမထွက်ရအမိန့် ထုတ်ပြန်ထားလို့ မလိုလားအပ်တဲ့ ပဋိပက္ခဖြစ်လာမှာကို ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ ဘက်က စိုးရိမ်ချက်တွေရှိလို့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကို ဖေဖော်ဝါရီလ ၉ ရက်နေ့ မနေ့က ခေါ်ယူတွေ့ဆုံပြီး အခြေအနေကို မေးမြန်းခဲ့တယ်လို့ PCG က ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။
2021-02-09
ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်နဲ့ တာမွေမြို့နယ်က တိုင်းရုံးကို အခု မြန်မာစံတော်ချိန် ည ၉ နာရီကျော်မှာ သော့တွေရိုက်ချိုးပြီး ရုံးထဲဝင်စီးနေတယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
2021-02-09
ဖေဖော်ဝါရီလ ၉ ရက်နေ့က နေပြည်တော်မှာ ဆန္ဒပြရင်း ရဲတပ်ဖွဲ့ရဲ့ လက်ချက်နဲ့ ဦးခေါင်းကို သေနတ်ကျည်ဆံ ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ဟာ စိုးရိမ်ရတဲ့လူနာအဖြစ်နဲ့ ဆေးကုသမှု ခံယူနေဆဲဖြစ်ကြောင်း နေပြည်တော်ခုတင် (၁၀၀၀) ဆေးရုံက ဆရာဝန်တဦးက RFA ကို အတည်ပြု ပြောပါတယ်။
2021-02-08
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာဟာ ဖွံ့ဖြိုးစပြုနေတဲ့ ဒီမိုကရေစီကို အညွန့်ချိုးလိုက်တာ ဖြစ်တဲ့အတွက်၊ စစ်ခေါင်းဆောင်တွေကို သူတို့ရဲ့ လုပ်ရပ်တွေအတွက် ပြန်ပြီး ပေးဆပ်ခိုင်းဖို့ လိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အင်ဒရူးက RFA နဲ့ သီးသန့် ဆက်သွယ်မေးမြန်းရာမှာ ပြောလိုက်ပါတယ်။
2021-02-08
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဦးဘိုဘိုငယ်ကို စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် ၇ နာရီလောက်မှာ စစ်တပ်က ဖမ်းဆီးသွားခဲ့ပါတယ်။ ဖမ်းဆီးသွားချိန်ကစလို့ သီတင်းတစ်ပတ်ကျော်လာတဲ့အထိ အဆက်အသွယ် မရတဲ့အပေါ် မိသားစုက စိုးရိမ်နေကြပါတယ်။ ဒေါက်တာ ဦးဘိုဘိုငယ်ရဲ့ ကျန်းမာရေးအတွက် ဇနီးဖြစ်သူ ဒေါ်နှင်းဝေလွင် က စိုးရိမ်နေပြီး ခင်ပွန်းသည်နဲ့ အမြန်ဆုံး တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဦးဘိုဘိုငယ်ရဲ့ဇနီး ဒေါ်နှင်းဝေလွင်ကို RFA ဝိုင်းတော်သူ မနန္ဒာချမ်း က ဆက်သွယ်မေးမြန်းထားပါတယ်။
2021-02-07
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က ဖမ်းဆီးသွားပြီးနောက် ၃ ရက်နေ့က ဝန်ကြီးချုပ်အိမ်ကို ပြန်ပို့ခဲ့ပါတယ်။ နောက်တကြိမ် ဦးဖြိုးမင်းသိန်းကို သောကြာနေ့က ထပ်မံခေါ်ယူသွားပြီးနောက် ကျန်ရစ်တဲ့ သူ့ဇနီး ဒေါ်ခင်မိကြွယ်ကို ဝန်ကြီးချုပ်နေအိမ်ကနေ မနေ့က ချက်ခြင်း အဓမ္မဖယ်ရှားခိုင်းခဲ့တယ်လို့ သိရပါတယ်။
2021-02-07
မနက်ဖြန်မနက်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ တပြိုင်နက်တည်း ဆန္ဒပြကြမယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ၂၀၀၇ မျိုးဆက် ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကိုက ပြောပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။
2021-02-05
အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းပြီး ဒီကနေ့ အွန်လိုင်းကနေ အရေးပေါ်အစည်းအဝေးတရပ်ခေါ်ယူခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီက ထုတ်ပြန်ပါတယ်။
2021-02-05
မြန်မာနိုင်ငံမှာ အာဏာသိမ်းယူခဲ့တဲ့ စစ်အစိုးရကို အရေးယူဖို့ အမေရိကန်က ပြင်ဆင်နေပါပြီ။ ဒီအရေးယူမှုတွေထဲမှာ ဘာတွေပါလာနိုင်သလဲ။ စစ်အစိုးရကို အရေးယူဖို့ လုပ်တိုင်း အမြဲ ကာကွယ်ပေးလေ့ရှိတဲ့ တရုတ်နဲ့ ရုရှားကို အမေရိကန်က ဘယ်လိုကျော်လွှားနိုင်မလဲ။
2021-02-05
စစ်အစိုးရဲ့ ဖမ်းဆီးမှုကို ခံထားရတဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က လိုက်ပါဆောင်ရွက်မှာ ဖြစ်ပါတယ်။
2021-02-05
စစ်အာဏာသိမ်းတာကို လက်မခံတဲ့အကြောင်း ဆန့်ကျင်ဆန္ဒပြမယ့် ပြည်သူတွေအနေနဲ့ ခေါင်းဆောင်မျှော်လင့်စရာမလိုဘဲ ကိုယ့်မွေးရာပါ အခွင့်အရေးအတိုင်း ကိုယ့်နည်းလမ်းနဲ့ကိုယ် လုပ်ကိုင်ဖော်ပြခွင့်ရှိတယ်လို့ မနေ့က မန္တလေးမြို့မှာ ပထမဆုံးလမ်းပေါ်ထွက်ဆန္ဒပြခဲ့တဲ့ ဒေါက်တာတေဇာဆန်းက ပြောပါတယ်။
2021-02-04
ဒီနေ့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့မှာ စည်ပင်ဧည့်ရိပ်သာမှာ မပြန်ဘဲကျန်ရှိနေတဲ့ NLD အမတ် ၇၀ စုပေါင်းပြီး ကိုယ်တိုင်လွှတ်တော်ခေါ်ယူလိုက်ပါတယ်။
2021-02-04
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ဆရာဝန်၊ သူနာပြုဆရာမတွေနဲ့ ပြည်သူတွေ အတူတကွ ရှိနေတယ်ဆိုတဲ့ သတင်းစကားနဲ့ ဂုဏ်ပြုပန်းစည်းကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဝင်တွေက ဖေဖော်ဝါရီလ ၄ ရက်နေ့ ဒီနေ့မှာ ဆရာဝန်၊ဆရာမတချို့ထံ သွားရောက်ပေးပြီး ပြောခဲ့ပါတယ်။