အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်တဲ့ ဗဟိုဘဏ်ဝန်ထမ်းတစ်ဦးရဲ့ ပြောကြားချက်
2021.02.10
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန်မှာ စစ်အာဏာရှင်ဖီဆန်ရေး လှုပ်ရှားမှု မှာပါဝင်တဲ့ ဝန်ထမ်း ၇၀ လောက် ရှိနေပါတယ်။ ဝန်ထမ်းတချို့ကို ဌာနက မက်လုံးပေး ပြန်ခေါ်နေတာ ရုံးပြန်တက်ဖို့ ဖိအားပေးတွေ ရှိနေတယ် လို့ ဝန်ထမ်းတွေက ပြောပါတယ်။ ရုံးမတက်ဘဲ စစ်အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှုမှာ ဆက်လက် ပါဝင်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ လစာရ၊ မရ မကျိန်းသေတဲ့အတွက် စားဝတ်နေရေး အခက်အခဲဖြစ်လာမှာကို ဝန်ထမ်းတွေက စိုးရိမ်နေပါတယ်။
ရန်ကုန်မြို့က ဗဟိုဘဏ်က ဝန်ထမ်းတစ်ဦးကို RFA က ဆက်သွယ်မေးမြန်းထားပါတယ်။