နိုင်ငံ့ခေါင်းဆောင်တွေအမှုကို လိုက်ပါဆောင်ရွက်မယ့် ရှေ့နေ ဦးခင်မောင်ဇော် ပြောကြားချက်

2021.02.05

စစ်အစိုးရဲ့ ဖမ်းဆီးမှုကို ခံထားရတဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က လိုက်ပါဆောင်ရွက်မှာ ဖြစ်ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပို့ကုန်ထုတ်ကုန် ဥပဒေ ပုဒ်မ ၈ နဲ့ တရားစွဲဆိုခံထားရပြီး နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က သဘာ၀ ဘေးအန္တရယ် ကာကွယ်ထိန်းသိမ်းရေး ပုဒ်မ ၂၅ နဲ့ တရားစွဲ ဆိုခံထားရတာပါ။

တရားစွဲခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို လက်ရှိအချိန်အထိ တွေ့ဆုံနိုင်ခြင်း မရှိသေးပေမယ့် ဥပဒေအရ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် ပြောပါတယ်။

ဒီအမှု နှစ်ခုလုံးအတွက် တရားသေလွှတ်တာကို လိုလားပြီး ဥပဒေကြောင်းအရဆိုရင် လာမယ့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ရုံးထုတ်ရမယ့် နေ့ဖြစ်တယ်လို့ ဦးခင်မောင်ဇော် ပြောပါတယ်။

အာဏာသိမ်း စစ်အစိုးရက အတိုင်ပင်ခံနဲ သမ္မတတို့ကို ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ဖမ်းဆီးသွားခဲ့တာ ဒီနေ့ဆိုရင် ၅ ရက်မြောက် ရှိပြီဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့ ကျန်းမာရေးအခြေအနေနဲ့ ဖမ်းဆီးထားတဲ့ နေရာကို လက်ရှိအချိန်အထိ စစ်အစိုးရက ထုတ်ဖော်ပြောတာမရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

ဒေအောင်ဆန်းကြည်
2021-02-05 07:52

အားလုံးအခုလို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒဖော်ထုတ်တာတွေဟာ အလွန်ထိရောက်ပါတယ်။ နိုင်င်ငံတကာထိကို ထိရောက်ပါတယ်။ ကုလသမ္မဂလုံခြုံရေးကောင်စီကလဲ ‌အမေစုနဲ့ ဖမ်းဆီးထားသူတွေကို ချက်ချင်းလွှတ်ဖို့ တောင်းဆိုလိုက်ပါပြီ။ ❤️🇲🇲 ဒေအောင်ဆန်းကြည် အသက်ရှည်ပြည့် ကြိုက်တယ် ချစ်တယ် အမေစု စိတ်ကောင်းတယ်
ဦးမင်းအောင်လှိုင် မကြိုက်ဘူးစစ်ခေါင်းဆောင် အမည်ပျက်သွားလို့ စစ်က မလုပ်ဘူးရဲ့ဖမ်းထောင်လုပ်ကြည့် လးအကြမ်းခဲအများ စိတ်မကောင်းဘူး