၈၈ က ဆရာဝန်နဲ့ သူနာပြုတွေကို ဂုဏ်ပြုပန်းစည်းတွေပေး

2021.02.04
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ဆရာဝန်၊ သူနာပြုဆရာမတွေနဲ့ ပြည်သူတွေ အတူတကွ ရှိနေတယ်ဆိုတဲ့ သတင်းစကားနဲ့ ဂုဏ်ပြုပန်းစည်းကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဝင်တွေက ဖေဖော်ဝါရီလ ၄ ရက်နေ့ ဒီနေ့မှာ ဆရာဝန်၊ ဆရာမတချို့ထံ သွားရောက်ပေးပြီး ပြောခဲ့ပါတယ်။

ဆရာဝန် ဆရာမတွေဟာ ကိုဗစ်ကာလမှာလည်း ပြည်သူတွေအတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက် မှုတွေ ဆောင်ရွက်ပေးခဲ့ပြီး စစ်အာဏာရှင်စနစ် တွန်းလှန်ရေးမှာလည်း ပြည်သူတွေကိုယ်စား ရှေ့တန်းက တိုက်ပွဲဝင်ပေးခဲ့တာကြောင့် အခုလို ဂုဏ်ပြုပန်းစည်းနဲ့ ဂုဏ်ပြုတာဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက မနုနုအောင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။