အနိုင်ရ ကိုယ်စားလှယ်တွေ လွှတ်တော်ကိုယ်စားပြုကော်မတီ ဖွဲ့စည်း
စောဖိုးခွား(ဝါရှင်တန်ဒီစီ)
2021.02.05
2021.02.05
အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းပြီး ဒီကနေ့ အွန်လိုင်းကနေ အရေးပေါ်အစည်းအဝေးတရပ် ခေါ်ယူခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ထုတ်ပြန်ပါတယ်။
စစ်အစိုးရကို အသိအမှတ်မပြုဘဲ NLD ပါတီရဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေဟာ ကိုယ်ပိုင်လွှတ်တော်ခေါ်ယူတာဖြစ်ပြီးတော့ ဒီကနေ့အစည်းအဝေးကနေ လွှတ်တော်ကိုယ်စားလှယ် (၁၅)ဦး ပါတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းခဲ့ကြပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကို ကော်မတီဝင် ဦးလွင်ကိုလတ်နဲ့ RFA သတင်းထောက် စောဖိုးခွား မေးမြန်းထားပါတယ်။