ဖမ်းဆီးခံ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ဇနီး လူထုနဲ့အတူ ဆန္ဒပြမည်
ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.02.07
2021.02.07
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က ဖမ်းဆီးသွားပြီးနောက် ၃ ရက်နေ့က ဝန်ကြီးချုပ်အိမ်ကို ပြန်ပို့ခဲ့ပါတယ်။ နောက်တကြိမ် ဦးဖြိုးမင်းသိန်းကို သောကြာနေ့က ထပ်မံခေါ်ယူသွားပြီးနောက် ကျန်ရစ်တဲ့ သူ့ဇနီး ဒေါ်ခင်မိကြွယ်ကို ဝန်ကြီးချုပ်နေအိမ်ကနေ မနေ့က ချက်ခြင်း အဓမ္မဖယ်ရှားခိုင်းခဲ့တယ်လို့ သိရပါတယ်။
ဒေါ်ခင်မိကြွယ် ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဒီနေ့တနင်္လာနေ့ မနက်စောစောမှာ အခုလို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။