သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-07-15
အိုးဘိုအကျဉ်းထောင် အပါအဝင် မန္တလေးတိုင်းအတွင်းက အကျဉ်းစခန်းတွေ၊ ကျောက်ထုတ်စခန်းတွေနဲ့ အချုပ်ခန်းတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေ ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။
2018-07-13
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က တနိုင်ငံလုံးမှာရှိတဲ့ တောင်သူတွေကို မေလကနေ သြဂုတ်လအထိ အခုနှစ်အတွက် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေ တဧကကို ကျပ်တစ်သိန်းခွဲနှုန်းနဲ့ ထုတ်ပေးနေပါတယ်။
2018-07-13
ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာအလုပ်သမားတချို့ မှတ်ပုံတင် အခက်အခဲဖြစ်လို့ နေရပ်ပြန်ရသူ တစ်ထောင်နီးပါး ရှိနေပြီး၊ အဲဒီကိစ္စအတွက် နှစ်နိုင်ငံတာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်နေပါတယ်။
2018-07-13
၂၁ ရာစုပင်လုံ (ခေါ်) ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တတိယအကြိမ် အစည်းအဝေးမှာ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေ ပါဝင်လာတဲ့အတွက် ငြိမ်းချမ်းရေးအတွက် ထူးခြားတဲ့ရလဒ် ပေါ်ထွက်လာဖို့ မျှော်လင့်ရတယ်လို့ ညီလာခံ တက်ရောက်နေတဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။
2018-07-13
အမေရိကန်နိုင်ငံမှာ ပြစ်မှုကျူးလွန်တဲ့အတွက် ပြည်နှင်ဒဏ်ပေးခံရသူ ၃၁ ဦးကို ပြန်လည်ခေါ်ယူဖို့ မြန်မာအစိုးရဘက်က လက်ခံလိုက်ပါတယ်။
2018-07-12
ငြိမ်းစုစီဥပဒေကို ပြင်ဆင်ပေးဖို့၊ ငြိမ်းစုစီဥပဒေ ပုဒ်မတွေနဲ့ တရားစွဲဆိုထားတာတွေကို ရုပ်သိမ်းပေးဖို့ ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) က ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။
2018-07-12
ရှေ့နေဦးကိုနီကို လုပ်ကြံလိုက်တဲ့ သေနတ်သမား ကြည်လင်းက သူ့ကို ကြေးသွန်းလုပ်ငန်းလုပ်တဲ့ “မြင့်ဆွေ” ဆိုသူကခြိမ်းခြောက်ခိုင်းစေတဲ့အတွက် သတ်ရတာလို့ ဒီနေ့တရားရုံးမှာ ထွက်ဆိုပါတယ်။
2018-07-12
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်က ဟမ်းငိုင်းကျေးရွာအုပ်စုနဲ့ဟိုခဲကျေးရွာအုပ်စု တုံလောကျေးရွာတစ်ဝိုက်မှာ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကစပြီး တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေပါတယ်။
2018-07-11
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ရုပ်ထု ထားရှိမယ့်အပေါ် ကန့်ကွက်စာတွေ ဖြန့်ဝေခဲ့တဲ့ လူငယ် ၄ ဦးကို ဇူလိုင်လ ၁၁ ရက်နေ့က ဒီမောဆို မြို့နယ်တရားရုံးမှာ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ ရုံးထုတ်ခဲ့ပါတယ်။
2018-07-10
မဇ္ဇိုမလှိုင်း တေးဂီတဝိုင်းရဲ့ ဝိုင်းတော်သား တဦးဖြစ်ပြီး၊ “ပန်းရဲ့လမ်း” တေးဂီတ ဝိုင်း ခေါင်းဆောင် တေးရေး တေးဆို ဦးရဲလွင်ဟာ ဇူလိုင်လ ၁ဝ ရက်နေ့ ညနေ ၄ နာရီ ၁ဝ မိနစ်က အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။
2018-07-10
ရေအားလျှပ်စစ် စီမံကိန်းတွေကြောင့် ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ပတ်သက်ပြီး ကရင် လူ့အခွင့်အရေးအဖွဲ့နဲ့ ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးကွန်ယက်တို့က “ရေကာတာသည် ဖွံ့ဖြိုးရေးလော၊ ပျက်စီးခြင်းလော” ဆိုတဲ့ခေါင်းစဉ်နဲ့ ဇူလိုင်လ ၁ဝ ရက်နေ့က ပူးတွဲအစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
2018-07-10
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ လူမှုအသိုင်းအဝိုင်းတွေအကြား သဟဇာတဖြစ်ရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေးအတွက် ဆက်လက်ကူညီမယ်လို့ ကမ္ဘာ့ဘဏ်က ကြေညာချက်တစောင် ဒီနေ့ထုတ်ပြန်ပါတယ်။
2018-07-09
ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေတွေကို နိုင်ငံတကာက စိတ်ဝင်တစား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပါတယ်။
2018-07-09
ဝန်ထမ်းတွေ အဂတိလိုက်စားမှု ကင်းရှင်းဖို့၊ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ မူလတောင်သူတွေ လက်ထဲ အမြန်ဆုံး ရောက်ရှိနိုင်ဖို့၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ရှမ်းပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ ညွှန်ကြားလိုက်ပါတယ်။
2018-07-09
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ထားရှိမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က မနေ့က ခေါ်ယူတွေ့ဆုံရာမှာ ညှိနှိုင်းတာမရှိဘဲ ပြည်နယ်အစိုးရရဲ့ ရုပ်တုဖြစ်မြောက်ရေးကော်မတီရဲ့ ရုပ်တုတည်ဆောက်နေမှုတွေကို ချပြခဲ့တာသာဖြစ်တယ်လို့ ကန့်ကွက်ဆန္ဒပြပွဲ ဦးဆောင်ကော်မတီဝင် ခွန်းသောမတ် က ပြောပါတယ်။