အမေရိကန်ပြည်နှင်ဒဏ်ပေးထားတဲ့ မြန်မာတွေ ပြန်လက်ခံမယ့်ကိစ္စ

0:00 / 0:00

အမေရိကန်နိုင်ငံမှာ ပြစ်မှုကျူးလွန်တဲ့အတွက် ပြည်နှင်ဒဏ်ပေးခံရသူ ၃၁ ဦးကို ပြန်လည်ခေါ်ယူဖို့ မြန်မာအစိုးရဘက်က လက်ခံလိုက်ပါတယ်။

အဲဒီအတွက်ကြောင့် ဝန်ကြီးဌာနနှစ်ခုက အရာရှိတွေနဲ့ မိသားစုဝင်တွေကို အမေရိကန်ပြည်ထောင်စုက ပြည်ဝင်ခွင့် ပိတ်ပင်လိုက်တဲ့ကိစ္စအပေါ် အမေရိကန်အစိုးရဘက်က ပြန်လည်သုံးသပ်ဖို့ရှိတယ်လို့ မြန်မာနိုင်ငံရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။

ဦးမြင့်သူကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။