မိုင်းကိုင်မှာ တိုက်ပွဲတွေဖြစ်


2018.07.12

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်က ဟမ်းငိုင်းကျေးရွာအုပ်စုနဲ့ဟိုခဲကျေးရွာအုပ်စု တုံလောကျေးရွာတစ်ဝိုက်မှာ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကစပြီး တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေပါတယ်။ ဒီကနေ့မနက်အထိ တိုက်ပွဲတွေ ရှိနေသေးသလို ဒေသခံ ၅၀၀ ဝန်းကျင်လောက်ဟာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေမှာ ထွက်ပြေးခိုလှုံနေကြပါတယ်။ ဒုက္ခသည်တွေ ခိုလှုံနေတဲ့နေရာကို သွားရောက်ခဲ့တဲ့ ကျေးသီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် စိုင်းစံမိန်းကို RFA သတင်းထောက် ကိုကံသာ က ဆက်သွယ်မေးမြန်းထားပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။