ကရင်ပြည်နယ်က ရေအားလျှပ်စစ်စီမံကိန်းများ
2018.07.10
မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်တွေမှာ ရေအား လျှပ်စစ်စီမံကိန်းတွေ နောက်ထပ် ဆောက်လုပ်မယ့်အပေါ် ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးကွန်ယက်က ကိုစောသာဘိုးက ပြောပါတယ်။
ရေအားလျှပ်စစ် စီမံကိန်းတွေကြောင့် ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ပတ်သက်ပြီး ကရင် လူ့အခွင့်အရေးအဖွဲ့နဲ့ ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးကွန်ယက်တို့က “ရေကာတာသည် ဖွံ့ဖြိုးရေးလော၊ ပျက်စီးခြင်းလော” ဆိုတဲ့ခေါင်းစဉ်နဲ့ ဇူလိုင်လ ၁ဝ ရက်နေ့က ပူးတွဲအစီရင်ခံစာ ထုတ်ပြန်လိုက်တာပါ။
ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးကွန်ယက်က ကိုစောသာဘိုးကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။