၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးအလားအလာ
2018.07.13
၂၁ ရာစုပင်လုံ (ခေါ်) ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တတိယအကြိမ် အစည်းအဝေးမှာ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေ ပါဝင်လာတဲ့အတွက် ငြိမ်းချမ်းရေးအတွက် ထူးခြားတဲ့ရလဒ် ပေါ်ထွက်လာဖို့ မျှော်လင့်ရတယ်လို့ ညီလာခံ တက်ရောက်နေတဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။
ဦးသိန်းသန်းဦးကို RFA ဝိုင်းတော်သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားတယ်။