ကချင်ပြည်နယ်က စိုက်ပျိုးစရိတ်ချေးငွေအကြောင်း


2018.07.13

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က တနိုင်ငံလုံးမှာရှိတဲ့ တောင်သူတွေကို မေလကနေ သြဂုတ်လအထိ အခုနှစ်အတွက် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေ တဧကကို ကျပ်တစ်သိန်းခွဲနှုန်းနဲ့ ထုတ်ပေးနေပါတယ်။

အဲဒီအထဲက လယ်ယာမြေပုံစံ (၇) မရှိသူတွေနဲ့ အရင်နှစ်က စိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျန်တောင်သူတွေကိုတော့ ထုတ်မပေးဘူးလို့ သိရပါတယ်။

ကချင်ပြည်နယ်မှာ မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မြစ်ကြီးနားအခြေစိုက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကချင်ပြည်နယ်ဘဏ်ခွဲရဲ့ ဒုတိယကြီးကြပ်ရေးမှူး ဦးဇော်နိုင်ကို RFA သတင်းထောက် ကိုကျော်မျိုးမင်းက ဇူလိုင်လ ၁၃ ရက်နေ့က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။