စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ဖို့ တောင်သူတွေ ဖိအားပေးခံရ

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.07.20

တောင်သူလယ်သမားတွေကို သမ္မတဦးသိန်းစိန်အစိုးရလက်ထက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွေမှာ ချထားပေးခဲ့တဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို ဒီနှစ်ဆောင်းဦးရာသီမှာ ပြန်ဆပ်ဖို့ စစ်ကောင်စီက ဖိအားပေးလာတယ်လို့ တောင်သူတွေကပြောပါတယ်။

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ကတောင်သူတစ်ဦးက သူတို့မြို့နယ်တွင်း ချေးငွေပြန်မဆပ်သူတွေကို တရားစွဲဆိုမယ်လို့ စစ်ကောင်စီက သတိပေးထားတယ်လို့ပြောပါတယ်။

ချေးငွေပြန်ဆပ်ဖို့ အခက်ခဲရှိနေတဲ့ ဘိုကလေးက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်သူတစ်ဦးနဲ့ အာဏာသိမ်းပြီးနောက် တောင်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သိနိုင်ဖို့ တောင်သူလယ်သမားအရေး ဆောင်ရွက်နေသူ ဦးဇော်ရမ်းကို RFA သတင်းထောက်မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။