သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-27
မတရားအသင်း ဆက်သွယ်မှုနဲ့ တပ်မတော်က တရားစွဲထားတဲ့ မုံးကိုးမြို့နယ် နှစ်ခြင်း ခရစ်ယာန် အသင်း ဥက္ကဌ ဦးဒီဒီနောင်လတ်နဲ့ သင်းအုပ်ဆရာ ဦးလမ်ဂျော်ဂမ်ဆိုင်းတို့ကို လားရှိုးမြို့နယ် တရားရုံး က ဒီကနေ့ ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။
2017-10-27
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ အနောက်နိုင်ငံ ကြီးတွေရဲ့ ဒဏ်ခတ်အရေးယူမှုတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေးနဲ့ ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းတွေအတွက် ထိခိုက်မှုရှိတယ်လို့ သူမြင်ကြောင်း NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက သုံးသပ်ပါတယ်။
2017-10-25
ရခိုင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရဲ့ ဥက္ကဌ ဦးဦးချစ်မောင်ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ စွဲချက်တင်လိုက်တာနဲ့ ပတ်သက်လို့ ဇနီးဖြစ်သူ ဒေါ်စောမြရာဇာလင်း ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
2017-10-25
တိုင်းရင်းသားဒေသတွေမှာ သယံဇာတ အလွန် အကျွံ ထုတ်ယူနေတဲ့ စီမံကိန်းတွေ ယာယီတားမြစ် ထားရင် ပဋိပက္ခတွေ အဆုံးသတ်စေဖို့ အထောက် အကူဖြစ်လိမ့်မယ်လို့ BEWG-မြန်မာ့သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ အလုပ်အဖွဲ့က ပြောပါတယ်။
2017-10-24
အောက်တိုဘာ ၂၀ ရက်နေ့က စင်ကာပူအခြေစိုက် ISEAS အရှေ့တောင်အာရှ လေ့လာရေးဌာနမှာ ရခိုင်ပြည်နယ်တွင်းက မွတ်စလင်တွေအရေး ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။
2017-10-24
လူမှုရေးလုပ်ငန်းတွေလုပ်နေတဲ့ ရခိုင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Rakhine Development Foundation) ရဲ့ ဥက္ကဌ ဦးဦးချစ်မောင်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ထောက်လှမ်းရေးတွေက ဖမ်းဆီးထားတာနဲ့ ပတ်သက်လို့ ဇနီးဖြစ်သူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ အဖွဲ့ဝင်ခေါင်းဆောင်တစ်ဦးလည်းဖြစ် ရခိုင်အမျိုးသမီးများအစည်းရုံးရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
2017-10-24
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းမှာ မြန်မာနိုင်ငံဘက်က အကျိုးအမြတ်ပိုမိုရရှိနိုင်ရေးအတွက် မြန်မာနဲ့ တရုတ်အစိုးရကြား အကျိုးအမြတ်ပြောင်းလဲသတ်မှတ်နိုင်ရေး ဆွေးနွေးနေပါတယ်။
2017-10-23
မြန်မာအလုပ်သမား ၁ ထောင်ကျော် အလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံ နခွန်ပထုန်မြို့နယ်က လို့စ်တက်စ် ဆိုဖာစက်ရုံဟာ ဒီကနေ့မနက်မှာ မီးလောင်တာကြောင့် အလုပ်သမားတွေ အလုပ်ဆက်လုပ်နိုင်ဖို့ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ အဲဒီမြန်မာအလုပ်သမားတွေအတွက် ထိုင်းနိုင်ငံ မြန်မာအလုပ်သမားသံအရာရှိတွေနဲ့ ပူးပေါင်းကူညီဖို့ စီစဉ်နေတယ်လို့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။
2017-10-23
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်ကလပ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့ကစပြီး မြေကျွံမှုဖြစ်ပွားခဲ့တာကြောင့် နေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ဈေးဆိုင်တွေမှာ မြေအက်ကွဲကြောင်းတွေ ဖြစ်ပေါ်နေပါတယ်။
2017-10-23
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ် ဦးဆောင်ပါဝင်တဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းမှာ လုပ်ငန်းရှင်တွေ ဦးစီးဆောင်ရွက်မယ့်လုပ်ငန်းအဖွဲ့ ၉ ဖွဲ့ ထားရှိဖို့ မနေ့က UMFCCI မှာ ကျင်းပတဲ့ လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ဆွေးနွေးဆုံးဖြတ်လိုက်ပါတယ်။
2017-10-22
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က မောင်တောဒေသအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မှုဖြစ်စဉ်ပြီးနောက် အောက်တိုဘာလ ၁၂ ရက်နေ့ ကနေ ၁၇ ရက်နေ့အထိ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက မောင်တောဒေသမှာ နေထိုင်သူ ၁၀၀ ခန့်ကို နိုင်ငံသားစိစစ်ခံရမယ့်သူရဲ့ သက်သေခံကတ်ပြား NVC ကတ်တွေ စိစစ် ထုတ်ပေးခဲ့ပါတယ်။
2017-10-20
၂၀၁၇ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်းကို ရေးဆွဲရာမှာ လက်ရှိ စည်ပင်သာယာရေးဌာနတွေရဲ့ ဖွဲ့စည်းပုံကိုပါ ပြင်ဆင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2017-10-20
ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးဟာ လတ်တလောမှာ တည်ငြိမ်နေတယ်ဆိုပေမယ့် အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကို သတိထားစောင့်ကြည့်ဖို့ လိုနေဦးမယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ လက်ရှိ အမ်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်တဲ့ ဦးမောင်မောင်အုန်းက သုံးသပ်ပါတယ်။
2017-10-19
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စုက တစ်သုံးလုံး ကုမ္ပဏီလုပ်ကွက်မှာ မနေ့ညပိုင်းက ရေမဆေးသမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ရာကနေ ပစ်ခတ်မှုဖြစ်လို့ ရေမဆေးသမား ၅ ဦး သေဆုံးပြီး၊ ရေမဆေးသမား အယောက် ၂၀ နဲ့ ရဲတပ်တပ်ဖွဲ့ဝင် ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။
2017-10-19
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေကြောင့် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေအပေါ် ထိခိုက်မှုတွေရှိနေပါတယ်။