မောင်တောဒေသမှာ NVC ကတ်တွေ စိစစ်ထုတ်ပေး


2017.10.22

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က မောင်တောဒေသအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်ပြီးနောက် အောက်တိုဘာလ ၁၂ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက မောင်တောဒေသမှာ နေထိုင်သူ ၁၀၀ ခန့်ကို နိုင်ငံသားစိစစ်ခံရမယ့်သူရဲ့ သက်သေခံကတ်ပြား NVC ကတ်တွေ စိစစ်ထုတ်ပေးခဲ့ပါတယ်။

အကြမ်းဖက်အဖွဲ့တွေက မွတ်စလင်တွေကို NVC ကတ်တွေ မထုတ်ယူကြဖို့ ခြိမ်းခြောက်ပြောဆိုတာတွေ ရှိနေတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။