ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်း


2017.10.20

၂၀၁၇ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်းကို ရေးဆွဲရာမှာ လက်ရှိ စည်ပင်သာယာရေးဌာနတွေရဲ့ ဖွဲ့စည်းပုံကိုပါ ပြင်ဆင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အရင်ဥပဒေတွေနဲ့ ဖွဲ့စည်းပုံတွေဟာ နိုင်ငံရေး ခေတ်စနစ်အရ ဌာနအမြောက်အမြား ဖွဲ့စည်းခဲ့တဲ့အတွက် လက်ရှိရေးဆွဲမယ့် ဥပဒေမှာ ပုံစံရော အနှစ်သာရပါ ပြောင်းလဲနိုင်အောင်နဲ့ ခေတ်နဲ့ လျော်ညီအောင် ပြင်ဆင်သွားမှာဖြစ်တယ်လို့ စည်ပင်ဥပဒေကြမ်း ရေးဆွဲရေးကော်မတီဝင် ဦးဇော်ဝင်းနိုင်က ပြောပါတယ်။

ဦးဇော်ဝင်းနိုင်ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။