ရခိုင်အရေး ပါဝင်ဆောင်ရွက်ဖို့ လုပ်ငန်းအဖွဲ့ ၉ဖွဲ့ ဖွဲ့


2017.10.23

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ် ဦးဆောင်ပါဝင်တဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းမှာ လုပ်ငန်းရှင်တွေ ဦးစီးဆောင်ရွက်မယ့်လုပ်ငန်းအဖွဲ့ ၉ ဖွဲ့ ထားရှိဖို့ မနေ့က UMFCCI မှာ ကျင်းပတဲ့ လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ဆွေးနွေးဆုံးဖြတ်လိုက်ပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံတဲ့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ဇေကမ္ဘာကုမ္ပဏီ အကြီးအကဲ ဦးခင်ရွှေ ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။