ကချင် သင်းအုပ်ဆရာနှစ်ဦးကို ထောင်ဒဏ်ချမှတ်


2017.10.27

မတရားအသင်း ဆက်သွယ်မှုနဲ့ တပ်မတော်က တရားစွဲထားတဲ့ မုံးကိုးမြို့နယ် နှစ်ခြင်း ခရစ်ယာန်အသင်း ဥက္ကဌ ဦးဒီဒီနောင်လတ်နဲ့ သင်းအုပ်ဆရာ ဦးလမ်ဂျော်ဂမ်ဆိုင်းတို့ကို လားရှိုးမြို့နယ် တရားရုံးက ဒီကနေ့ ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။ မတရားအသင်း ဆက်သွယ်မှု၊ အသရေဖျက်မှု၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ တို့နဲ့ တရားစွဲခံထားရတဲ့ ဦးဒီဒီနောင်လတ်ကို ထောင်ဒဏ် ၄ နှစ်နဲ့ ၃ လ ချမှတ်လိုက်တာဖြစ်ပြီး မတရားအသင်းဆက်သွယ်မှု၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ တို့နဲ့ တရားစွဲခံရတဲ့ ဦးလမ်ဂျော်ဂမ်ဆိုင်းကိုတော့ ထောင်ဒဏ် ၂ နှစ်နဲ့ ၃ လ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

အဲဒီလို အပြီးသတ်အမိန့်ချတာနဲ့ ပတ်သက်ပြီး စီရင်ချက်ချမှတ်ချိန်မှာ လားရှိုးမြို့နယ် တရားရုံးကို သွားရောက် နားထောင်ခဲ့တဲ့ ကချင်လူငယ်အဖွဲ့ KYO က မမိုင်းမိုင်ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။