သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-02-12
ဒီတစ်ပတ်အစီအစဉ်ကတော့ ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့နဲ့တိုက်ဆိုင်နေတဲ့အတွက် "လူငယ်တွေမြင်ချင်တဲ့ ပြည်ထောင်စု" ဆိုတဲ့ ခေါင်းစဉ်နဲ့ဆွေးနွေးထားပါတယ်။
2022-02-05
ဒီအပတ် RFA စကားဝိုင်းမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်း ဟေဇာက မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ အာဏာခွဲဝေရေး ပြောဆိုမှု၊ ICJ နိုင်ငံတကာတရားရုံးမှာ ယခင် NLD အစိုးရလက်ထက်က လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကနဦး ကန့်ကွက်မှုအားလုံးကို NUG အစိုးရက ပြန်လည်ရုပ်သိမ်းမှု၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်ခွင့်မရရှိတဲ့ ကိစ္စအပါအဝင် လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးထားပါတယ်။
2022-01-31
ဒီတစ်ပတ်မှာတော့ စစ်အာဏာသိမ်းထားတာ တစ်နှစ်ပြည့်ပြီဖြစ်တဲ့အတွက်ကြောင့် ဒီအပေါ်မှာ သုံးသပ်ဆွေးနွေးမှာပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးလို့ နိုင်ငံရဲ့အခြေအနေကို ထိန်းသိမ်းဖို့အတွက် လုပ်ခဲ့ရတယ်လို့ စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။ အဲဒီတော့ သူတို့ ပြောခဲ့သလိုတိုင်းပြည် တည်ငြိမ်အောင် တကယ်ထိန်းသိမ်းနိုင်ခဲ့သလား၊ နိုင်ငံရဲ့ အခြေအနေ တိုးတက်ခဲ့ပါသလား၊ ပြည်သူတွေ လိုချင်နေတဲ့ စစ်အာဏာရှင်ပြုတ်ကျရေး မြန်မြန်ဆန်ဆန် ဖြစ်နိုင်မလားဆိုတာတွေ ဆွေးနွေးမှာပါ။
2022-01-21
ဒီအပတ်စကားဝိုင်းမှာ ၂ဝ၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဒီမိုကရေစီအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် လူငယ်တွေရဲ့ ဘဝ မျှော်လင့်ချက်ပန်းတိုင်တွေ ဘယ်လို ပျက်စီးပြောင်းလဲသွားခဲ့ပါသလဲ။ သူတို့အခုဘာတွေလုပ်နေကြလဲ။ သူတို့ရဲ့ အနာဂတ် မျှော်မှန်းချက်တွေကရော ဘာတွေလဲ။
2022-01-14
ဒီတစ်ပတ်မှာတော့ ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ် အာဏာသိမ်းစစ်ခေါင်းလည်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့အပတ်တွေမှာ တပ်တွင်းထိပ်ပိုင်းခေါင်းဆောင်တချို့ အပြောင်းအလဲလုပ်ခဲ့တာ ဘာကြောင့်လဲဆိုတာ ဆွေးနွေးကြမှာပါ။
2022-01-07
ဒီအပတ် RFA စကားဝိုင်းမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာပြည်ကို လာရောက်တဲ့ ခရီးစဉ်၊ စစ်ကောင်စီက ဆရာတော်တချို့ကို ဘွဲ့တံဆိပ်တွေကပ်လှူတဲ့ ကိစ္စ နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လက်ရှိအနေအထားတွေနဲ့ ပတ်သက်ပြီး သုံးသပ်ဆွေးနွေးချက်တွေကို တင်ပြထားပါတယ်။