ကမ္ဘောဒီးယား ဝန်ကြီးချုပ်၊ စစ်ကောင်စီ ကပ်လှူတဲ့ဘွဲ့တံဆိပ်နဲ့ PDF ရဲ့အင်အား
2022.01.07
ဒီအပတ် RFA စကားဝိုင်းမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာပြည်ကို လာရောက်တဲ့ ခရီးစဉ်၊ စစ်ကောင်စီက ဆရာတော်တချို့ကို ဘွဲ့တံဆိပ်တွေကပ်လှူတဲ့ ကိစ္စ နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေရဲ့ လက်ရှိအနေအထားတွေနဲ့ ပတ်သက်ပြီး သုံးသပ်ဆွေးနွေးချက်တွေကို တင်ပြထားပါတယ်။
ပါဝင်ဆွေးနွေးသူတွေကတော့ နယူးယောက်ပြည်နယ် ဓမ္မဝါဒီအောင်မြေ မင်္ဂလာကျောင်းက အရှင်ဣဿရိယ၊ မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်၊ နွေဦးတော်လှန်ရေးမှာ ပါဝင်ကူညီသူ ဦးတိုး နဲ့ တကသ ကျောင်းသား ကိုရဲညီထက် တို့ဖြစ်ပါတယ်။ RFA အဖွဲ့သား ဦးခင်မောင်စိုး ကတင်ဆက်ထားပါတယ်။