မြန်မာ့အရေး နိုလင်းဟေဇာ ပြောဆိုချက်၊ နိုင်ငံတကာတရားရုံးနဲ့ အာဆီယံအစည်းအဝေး

2022.02.05

ဒီအပတ် RFA စကားဝိုင်းမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်း ဟေဇာက မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ အာဏာခွဲဝေရေး ပြောဆိုမှု၊ ICJ နိုင်ငံတကာတရားရုံးမှာ ယခင် NLD အစိုးရလက်ထက်က လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကနဦး ကန့်ကွက်မှုအားလုံးကို NUG အစိုးရက ပြန်လည်ရုပ်သိမ်းမှု၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်ခွင့်မရရှိတဲ့ ကိစ္စအပါအဝင် လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးထားသူတွေကတော့ ဂျပန်နိုင်ငံ အိုင်ချိ ဂါကုအင် တက္ကသိုလ်က ပါမောက္ခ ဦးချိုစိန်၊ တရုတ်နိုင်ငံက မြန်မာ့အရေးလေ့လာသူ ဒေါက်တာ လှကျော်ဇောနဲ့ တကသ ကျောင်းသားဟောင်းများအင်အားစုက ကိုနန်းလင်း တို့ ဖြစ်ပြီး RFA အဖွဲ့သား ဦးခင်မောင်စိုးက တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။