သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-05-28
ဒီတပတ်အစီအစဉ်မှာတော့ “နွေဦးတော်လှန်ရေး ကာလမှာ ပြည်သူ့ကျန်းမာရေး ဘယ်လိုဆောင်ရွက် ကြမလဲ” ဆိုတဲ့အကြောင်း ဆွေးနွေးတင်ပြထား ပါတယ်။
2021-05-21
ဒီတစ်ပတ်အစီအစဉ်မှာတော့ စစ်အာဏာရှင်ရဲ့အမိန့်မနာခံရေး CDM လှုပ်ရှားမှုမှာပါတဲ့ ဆရာ၊ ဆရာမတွေ သိန်းနဲ့ချီပြီး အလုပ်ကနေ ရပ်စဲခံထားရသလို၊ တပြိုင်နက်တည်းမှာပဲ စစ်အာဏာရှင်အောက်က ပညာရေးကို လက်မခံတဲ့အတွက် ကျောင်းမထားဘူးဆိုတဲ့ လှုပ်ရှားရေး ဆောင်ရွက်နေတဲ့အတွက် ကျောင်းသားတွေ ပညာရေးကို ဘယ်လိုသင်ပေးကြမလဲဆိုတဲ့အကြောင်း ဆွေးနွေးထားပါတယ်။
2021-05-15
RFA ကနေ စနေနေ့တိုင်း ထုတ်လွှင့်နေတဲ့ ဒီအစီအစဉ်မှာ ဒီတပတ်တော့ စစ်အာဏာရှင်နဲ့ မပူးပေါင်းရေး CDM လှုပ်ရှားမှုမှာပါလို့ အလုပ်ကနေရပ်စဲခံရတဲ့ တက္ကသိုလ်နဲ့ အခြေခံပညာဆရာ/ဆရာမတွေရဲ့ အခက်အခဲကို ပြည်သူတွေရော၊ NUG အစိုးရကပါဘယ်လို ပူးပေါင်းဆောင်ရွက်သင့်လဲဆိုတာ ဆွေးနွေးထားပါတယ်။
2021-05-07
စနေနေ့တိုင်း RFA ကနေထုတ်လွှင့်နေတဲ့အစီအစဉ်မှာ ဒီတပတ်တော့ “ပြည်သူ့ကာကွယ်ရေး တပ်မတော်ဘယ်လောက် လက်တွေ့ဆောင်ရွက်နိုင်မလဲ” ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးထားပါတယ်။
2021-05-01
ဒီတစ်ပတ် RFA စကားဝိုင်းအစီအစဉ်မှာ “ခေတ်စနစ်ဆိုးကို ဘယ်လိုတွန်းလှန်မလဲ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးထားပါတယ်။
2021-04-23
ဒီတပတ် RFA စကားဝိုင်းအစီအစဉ်မှာ “မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ အာဆီယံရဲ့အခန်းကဏ္ဍ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးထားပါတယ်။
2021-04-17
ဒီတစ်ပတ် RFA စကားဝိုင်းအစီအစဉ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ်ဘာကြောင့် မခန့်အပ်ခဲ့တာလဲ၊ နိုင်ငံတကာမှာ ထောက်ခံမှုရအောင်ဘယ်လို ဆောင်ရွက်နေလဲ၊ ပြည်တွင်း၊ ပြည်ပ မြန်မာတိုင်းရင်းသားတွေ မျှော်လင့်နေတဲ့အပေါ် ဘယ်လိုသတင်းစကားပေးချင်လဲ ဆိုတာဆွေးနွေးထားပါတယ်။
2021-04-10
ဒီတစ်ပတ်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖြိုခွင်းမှုတွေ တနေ့တခြား ပြင်းထန်လာနေတဲ့အတွက် ပြည်သူတချို့ကြားမှာ လက်နက်ကိုင်တော်လှန်ဖို့ကို စိတ်အားထက်သန်မှုတွေ ပြင်းထန်လာနေပါတယ်။
2021-04-03
ပြီးခဲ့တဲ့မတ်လ ၃ ရက်နေ့က ရန်ကုန်တိုင်း တာမွေမြို့နယ်မှာ ဆန္ဒပြရင်း အဖမ်းခံလိုက်ရပြီး အင်းစိန်ထောင်မှာ ၂၁ ရက် နေခဲ့ရတဲ့ ကျောင်းသားလူငယ် သုံးယောက်ရဲ့အတွေ့အကြုံနဲ့ သူတို့ရဲ့ အယူအဆတွေ၊ နိုင်ငံကို ဖြစ်စေချင်တဲ့ အမြင်တွေကို ဆွေးနွေးထားပါတယ်။
2021-03-27
ဒီတစ်ပတ် အစီအစဉ်မှာတော့ “မြန်မာနိုင်ငံသားတွေအတွက် တရားဥပဒေမှာ ပြဌာန်း၊ ခွင့်ပြုထားတဲ့ ကိုယ့်ကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်” အကြောင်း ဆွေးနွေး တင်ပြထားပါတယ်။
2021-03-20
ဒီတစ်ပတ်အစီအစဉ်မှာ - မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေဖျက်သိမ်းတာ၊ သတင်းထောက်တွေကို ဖမ်းဆီးတာတွေအတွက် စစ်ကောင်စီအတွက် ကောင်းကျိုး၊ ဆိုးကျိုး ဘာတွေဖြစ်လာမလဲ။ ပြည်သူ တွေသတင်းရဖို့ ဘယ်လိုဆောင်ရွက်ကြမလဲ၊ မြန်မာပြည်ဟာ တခြားအာဏာရှင်နိုင်ငံတွေနဲ့ ဘယ်လိုကွာခြားလဲဆိုတာ ဆွေးနွေးထားပါတယ်။
2021-03-13
ဒီတပတ်ဆွေးနွေးပွဲမှာတော့ စစ်အာဏာရှင်လက်အောက်က မြန်မာပြည်သူတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာအကူအညီ ဘယ်လောက်မျှော်လင့်လို့ရမလဲ ဆိုတဲ့အကြောင်း ဆွေးနွေးထားပါတယ်။
2021-02-20
လက်ရှိဖြစ်ပေါ်နေတဲ့ စစ်အာဏာရှင် စနစ်ဖျက်သိမ်းရေး လူထုလှုပ်ရှားမှုမှာ Generation Z မျိုးဆက်တွေက ရှေ့တန်းကနေ ဘာကြောင့် ပါဝင်နေကြသလဲ ဆိုတာကို ဆွေးနွေးထားပါတယ်။
2021-02-20
ဒီတစ်ပတ်မှာ "ကန့်ကွက်မှုများစွာနဲ့ ၂၀၂၀ ရွေးကောက်ပွဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။