ကျောင်းမတက်ပဲ ပညာရေးကို ဘယ်လိုလုပ်ပေးကြမလဲ
2021.05.21
ဒီတစ်ပတ်အစီအစဉ်မှာတော့ စစ်အာဏာရှင်ရဲ့အမိန့်မနာခံရေး CDM လှုပ်ရှားမှုမှာပါတဲ့ ဆရာ၊ ဆရာမတွေ သိန်းနဲ့ချီပြီး အလုပ်ကနေ ရပ်စဲခံထားရသလို၊ တပြိုင်နက်တည်းမှာပဲ စစ်အာဏာရှင်အောက်က ပညာရေးကို လက်မခံတဲ့အတွက် ကျောင်းမထားဘူးဆိုတဲ့ လှုပ်ရှားရေး ဆောင်ရွက်နေတဲ့အတွက် ကျောင်းသားတွေ ပညာရေးကို ဘယ်လိုသင်ပေးကြမလဲဆိုတဲ့အကြောင်း ဆွေးနွေးထားပါတယ်။
အဓိက ပါဝင်ဆွေးနွေးကြတဲ့ ပုဂ္ဂိုလ်တွေကတော့ CDM လှုပ်ရှားမှုမှာပါတဲ့ တက္ကသိုလ်တွဲဖက်ပါမောက္ခ တစ်ဦးနဲ့ အခြေခံပညာဆရာ၊ ဆရာမများ အထွေထွေသပိတ်ကော်မတီက ဆရာ ဦးနောင်ထက်အောင် တို့ဖြစ်ပါတယ်။
RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စီစဉ်ထုတ်လုပ်ထားပါတယ်။