သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-09-30
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်ခရိုင်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ ကြေးနီစီမံကိန်း တိုးချဲ့လုပ်ကွက်အဖြစ် ကြေးနီနဲ့ ဆက်စပ်သတ္တုများ စမ်းသပ်တိုင်းတာရေးလုပ်ငန်း ခွင့်ပြုခဲ့တာကို တိုင်းဒေသကြီး အစိုးရက ရပ်ဆိုင်းလိုက်ပါတယ်။
2019-09-30
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ဒေသခံတွေ ဒီနေ့ ကန့်ကွက်ဆန္ဒပြတဲ့ ဝါးစိမ်းတောင်မှာ မြန်မာယန်စီတရုတ်ကုမ္ပဏီက ဓာတ်သတ္ထု ရှာဖွေစမ်းသပ်တူးဖော်ခွင့်နဲ့ပတ်သက်လို့ ကန့်ကွက်စရာမရှိကြောင်း မှတ်ချက်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီညနေမှာ ပြန်လည်ပယ်ဖျက်လိုက်ပါတယ်။
2019-09-30
ရှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညှဲမြို့ မုံးစီးကျေးရွာအုပ်စု ရဲစခန်းက စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် လေးဦးကို စက်တင်ဘာ ၂၉ မနေ့က နေ့လယ်ပိုင်းမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2019-09-30
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကို ရှောင်ရှားကြစေဖို့ ပြည်နယ်အစိုးရအဖွဲ့ကနေ လိုအပ်တဲ့ အစီအမံတွေ ဆောင်ရွက်ပေးရေး တိုက်တွန်းကြောင်း အဆိုကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်က ဆွေးနွေးအတည်ပြုခဲ့ပါတယ်။
2019-09-30
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ မနေ့က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အရပ်သား နှစ်ယောက် အနည်းဆုံး ရှိခဲ့ပါတယ်။
2019-09-30
ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေမှာ အင်တာနက်လိုင်းပိတ်ထားတာကို ပြန်ဖွင့်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက စက်တင်ဘာ ၂၉ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2019-09-30
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က ဝါးစိမ်းတောင်မှာ မြန်မာယန်စီကုမ္ပဏီက ဓာတ်သတ္ထု ရှာဖွေစမ်းသပ်တူးဖော်ခွင့် တောင်းခံတဲ့အပေါ် ကန့်ကွက်စရာမရှိကြောင်း ပြည်ထောင်စုအစိုးရထံ မှတ်ချက်ပေးခဲ့တာကို တိုင်းအစိုးရအဖွဲ့က ပြန်ပြီး ပယ်ဖျက်လိုက်ပါတယ်။
2019-09-29
နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေဟာ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းစကားပြောကြားခဲ့ပါတယ်။
2019-09-29
လွှတ်တော်က အစိုးရအဖွဲ့ကို ထိန်းကျောင်းရမှာဖြစ်ပေမယ့် မပြောရဲ မဆိုရဲဖြစ်ပြီဆိုရင် ဒီမိုကရေစီ ပျက်စီး မှာဖြစ်တယ်လို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့ပါတီ ရုံးဖွင့်ပွဲမှာ ပြောပါတယ်။
2019-09-29
လွှတ်တော်က အစိုးရအဖွဲ့ကို ထိန်းကျောင်းရမှာဖြစ်ပေမယ့် မပြောရဲ မဆိုရဲဖြစ်ပြီဆိုရင် ဒီမိုကရေစီ ပျက်စီးမှာဖြစ်တယ်လို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့ပါတီ ရုံးဖွင့်ပွဲမှာ ပြောပါတယ်။
2019-09-29
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လ ၁၅ ရက်နေ့နောက်ပိုင်း တိုက်ပွဲတွေဖြစ်ပြီးနောက် မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်သူ ၁၅ ယောက်ကျော်ရှိလာပြီး အနည်းဆုံး သေဆုံးသူ ငါးဦးခန့် ရှိတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
2019-09-29
ချင်းပြည်နယ် ပလက်ဝမြို့နယ်က ကျေးရွာတချို့မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေကြောင့် ဒီစာသင်နှစ်မှာ စာသင်ကျောင်းပေါင်း ၁၁၈ ကျောင်းပိတ်ထားရတယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က RFA ကိုပြောပါတယ်။
2019-09-28
လာမယ့် အောက်တိုဘာမှာ အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့ ပဏာမအပစ်ရပ်စာချုပ် bilateral လက်မှတ်ရေးထိုးရေး တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။
2019-09-28
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်ကနေ အနားယူတဲ့အခါ နိုင်ငံ့တာဝန်ကို တစ်နေရာမဟုတ် တစ်နေရာမှာ ထမ်းဆောင်လိမ့်မယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီ က ပြောလိုက်ပါတယ်။
2019-09-28
နိုင်ငံ့ထိပ်ပိုင်းခေါင်းဆောင်တွေပါဝင်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူကျင်းပတာဟာ စစ်ဖြစ်တော့မှ လုပ်ရမယ့် ကိစ္စမျိုးမဟုတ်ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီ က ပြောကြားလိုက်ပါတယ်။