သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-09-30
အီးယူ ဥရောပ ပါလီမန်မှာ မြန်မာနိုင်ငံအရေး ကြားနာပွဲတခုကို ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး မြန်မာ့အရေး လှုပ်ရှားသူတွေဖြစ်တဲ့ Burma Campaign UK အဖွဲ့က မဇိုရာဖန်း၊ စင်ပြိုင် အာဆီယံ ကွန်ရက်အဖွဲ့က Dabbie Stothard နဲ့ ကမ္ဘာတဝန်း ခရစ်ယာန် သွေးစည်းညီညွတ်ရေးအဖွဲ့က Ben Rogers တို့ ဟောပြောခဲ့ကြပါတယ်။
2010-09-30
သံဃာ့အဖွဲ့အစည်းပေါင်းစုံ ကိုယ်စားပြု ရဟန်းတော်များနဲ့ ကျောင်းသား လူငယ် အပါအဝင် ပြည်သူလူထု တချို့ ပူးပေါင်းပါဝင်တဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ်အဖြစ် လက်ကမ်းစာစောင်တွေကို ရန်ကုန် မြို့တွင်းရှိ မြို့နယ်တွေမှာ စက်တင်ဘာ ၃၀ ရက် ဒီကနေ့ ဖြန့်ဝေခဲ့တယ်လို့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ကော်မတီ ပြောရေးဆိုခွင့် ရှိသူ ဦးသီလဝံသက RFA ကို အခုလို မိန့်ကြားပါတယ်။
2010-09-30
NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးရဲ့ ဘယ်ဘက် မျက်လုံး စက်တင်ဘာ ၃၀ ရက် ဒီကနေ့ ခွဲစိတ်ကုသခဲ့တာမှာ ၂ နာရီနီးပါး ကြာတဲ့ ခွဲစိတ်မှုဟာ အောင်မြင်တယ်လို့ ဆရာဝန်တွေက ပြောကြောင်း ဆေးရုံမှာ ရှိနေတဲ့ ဦးတင်ဦးရဲ့ သားဖြစ်သူ ကိုသန့်ဇင်ဦးက ပြောပါတယ်။
2010-09-30
ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကတော့ ပဲခူးမြို့ ဥသာမြို့သစ်အတွင်း အမှတ် (၈) ရပ်ကွက် ရယက ရုံးမှာ ဖြစ်ပါတယ်။ အဲဒီရုံးမှာ ရွေးကောက်ပွဲကော်မရှင် ရုံးလည်း ဖွင့်လှစ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
2010-09-30
ရွေးကောက်ပွဲဝင်မဲ့ ၃၇ ပါတီတွေထဲက ဒီမိုကရေစီလိုလားတဲ့ တိုင်းရင်းသားနဲ့ နိုင်ငံရေးပါတီ ၇ ခုကနေ မိတ်ဖက်ပါတီတွေအဖြစ် ပူးတွဲဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်။
2010-09-30
မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာတွေရဲ့အရေးနဲ့ပတ်သက်ပြီး အမေရိကန် လွှတ်တော်အမတ်တဦးက အောက်လွှတ်တော်မှာ မနေ့က အဆိုပြုလွှာတစောင် တင်သွင်းလိုက်တယ်လို့သိရပါတယ်။
2010-09-30
ရခိုင်ပြည်နယ် စစ်တွေမြို့ ဗုဒ္ဓဝိဟာရကျောင်းတိုက်က သက်တော် ၅၇၊ ဝါတော် ၃၇ ဝါရှိတဲ့ ဆရာတော် ဦးပညာစာရကို စစ်အစိုးရ ပြီးခဲ့တဲ့ ဇူလိုင်အတွင်း ဖမ်းဆီး လူဝတ်လဲပြီး၊ စက်တင်ဘာ ၂၉ ရက် မနေ့က ထောင်ဒဏ် ၈ နှစ်နဲ့ ၃လအပြင် ဒဏ်ငွေ ၁ သောင်းပါ ချမှတ်လိုက်ပါတယ်။
2010-09-30
မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ တရုတ်ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းကုမ္ပဏီတွေနဲ့ တရုတ် နိုင်ငံ သားတွေကို မြန်မာပြည်တွင်းက ဥပဒေနဲ့ စည်းကမ်းတွေလိုက်နာဖို့ တရုတ်အစိုးရက အမြဲတိုက်တွန်း နေကြောင်း တရုတ်အစိုးရက ထုတ်ဖော်ပြောကြားပါတယ်။
2010-09-30
လာမဲ့ အောက်တိုဘာလ ၈ ရက်နေ့မှာ ကြေညာမဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအတွက် ထင်ကြေးပေးခံ ထားရတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်များထဲမှာ နော်ဝေနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ DVB လည်းပါတယ်လို့ သိရပါတယ်။
2010-09-30
နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီး လွှတ်ပေးရုံနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ် တရားမျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတရပ် ဖြစ်မလာနိုင်ကြောင်း ပြည်ပအခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) က ထောက်ပြ ဝေဖန်လိုက်ပါတယ်။
2010-09-30
ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေချိန် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့ရဲ့ ပြောဆိုချက်တွေကို တင်ပြထားပါတယ်။
2010-09-29
ရွေးကောက်ပွဲမှာ မဲမပေးဖို့ လူံ့ဆော်ခဲ့တဲ့ ဒဂုံတက္ကသိုလ်နဲ့ မှော်ဘီဂျီတီစီက ကျောင်းသားတွေကို ဖမ်းဆီးထားရာကနေ အမြန်ဆုံး လွှတ်ပေးဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသများ အဖွဲ့ချုပ်) က စက်တင်ဘာ ၂၉ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပြီး စစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။
2010-09-29
ပြီးခဲ့တဲ့ ဇူလိုင်လက ဖမ်းဆီးခံခဲ့ရတဲ့ ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ မဟာမုနိ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်က ဆရာတော် ဦးပညာစာရကို စက်တင်ဘာ ၂၉ ရက် ဒီကနေ့ ထောင်ဒဏ် ၈ နှစ်နဲ့ ၃လ ချမှတ်လိုက်တယ်လို့ စစ်တွေမြို့ အခြေစိုက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က RFA ကို ပြောပါတယ် ။
2010-09-29
ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရပြီးနောက် စစ်တပ်ကနေ ထွက်ပြေးလာတဲ့ကလေးတဦးကို တပ်ပြေးအဖြစ်နဲ့ ပြန်ဖမ်းထား ပြီး ငွေလေးသောင်း ပေးမှ လွှတ်မယ်လို့ စစ်တပ် က ပြောဆိုနေကြောင်း သိရပါတယ်။
2010-09-29
ရှမ်းပြည်နယ်အတွင်း ပြည်သူစစ်တွေဟာ မူးယစ်ရာဇာတွေအဖြစ် တဖြည်းဖြည်း တိုးများ လာ နေတယ်လို့ ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်အဖွဲ့က စက်တင်ဘာ ၂၉ ရက် ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ထုတ်ဖော် ပြောဆိုသွားပါတယ်။