သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-31
ဘင်္ဂလားဒေ့ရှ်နိင်ငံကို ရိုဟင်ဂျာတွေ ၂၀၁၇ ခုနှစ်မှာ အလုံးအရင်းနဲ့ ထွက်မပြေးခင် မြန်မာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေရဲ့ အကြမ်းဖက်မှုခံရတယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက် အခြေစိုက် PHR- Physicians for Human Rights လို့ခေါ်တဲ့ လူ့အခွင့်အရေး ဆိုင်ရာ ဆရာဝန်များအဖွဲ့က သြဂုတ်လ ၃၀ ရက်နေ့မှာ အသစ်တခါ ထပ်ထုတ်ပြန်တဲ့ အစီရင် ခံစာမှာ ဖော်ပြပါတယ်။
2018-08-31
မြန်မာ့တပ်မတော်က ကလေးစစ်သား ၇၅ ဦးကို သောကြာနေ့ မနေ့က စစ်မှုထမ်းအဖြစ်က ပြန်လွှတ်ပေးလိုက်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပြောကြားပါတယ်။
2018-08-31
ဆွာရေလှောင်တမံ ကျိုးပျက်မှုကြောင့် ပဲခူးတိုင်း ရေတာရှည်မြို့နယ် ဆွာချောင်းတလျှောက်က ကျေးရွာတွေ ရေနစ်မြုပ်ခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့ကြောင်းနဲ့၊ လူမှုကွန်ရက် အင်တာနက် စာမျက်နှာတွေမှာ ရေးသားနေသလို လူဆယ်ဂဏန်းကျော် သေဆုံးတယ်ဆိုတာ မဟုတ်ဘူးလို့ ရေတာရှည် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်က ပြောပါတယ်။ လောလောဆယ် ရေဘေးဒုက္ခသည်တချို့ နေရပ်ပြန်နေကြပြီး ဆွာချောင်းတလျှောက်မှာလည်း ရေဘေးစိုးရိမ်စရာ မရှိတော့ဘူးလို့ ပြောပါတယ်။
2018-08-31
စစ်တောင်းမြစ်ရေ တက်လာတာဟာ ပုံမှန် မိုးရွာတာကြောင့်မဟုတ်ဘဲ ဆွာရေလှောင်တမံက ကျလာတဲ့ ရေတွေကြောင့် ရုတ်တရက် တက်လာတာဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
2018-08-31
တပ်မတော်က သတင်းထုတ်ပြန်နေတဲ့ လူမှုကွန်ရက်စာမျက်နှာ တော်တော်များများကို ဖေ့ဘွတ်စ်က တရားဝင်ပိတ်လိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ တပ်မတောကို အားပေးထောက်ခံသူတွေနဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ အများစုဟာ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ အခြေစိုက်တဲ့ လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ VK ကို ပြောင်းလဲ အသုံးပြုလာကြပါတယ်။ RFA သတင်းထောက် မသက်စုအောင်က တင်ပြထားပါတယ်။
2018-08-31
ပုဂံဒေသဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားခဲ့ရင် စစ်မဲ့ဇုံအဖြစ်သတ်မှတ်ပြီး ကမ္ဘာစစ်ဖြစ်ရင်တောင် ကျည်ဆံကျခွင့်မရှိတဲ့ အခွင့်အရေးမျိုူးရမှာဖြစ်ပါတယ်။ ကုလပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့က လာရောက် စစ်ဆေးတော့မယ့်အချိန်မှာ ပုဂံအမွေအနှစ်စီမံခန့်ခွဲရေးကော်မီတီရဲ့မူဝါဒတွေကြောင့် ပုဂံဟာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ဖို့ အခက်အခဲတွေကြုံရနိုင်တဲ့အတွက် မြန်မာနိုင်ငံရှေးဟောင်းသုတေသနပညာအသင်းက ကြေငြာချက်ထုတ်ပြန်ပြီး သတိပေးလိုက်ပါတယ်။မြန်မာနိုင်ငံရှေးဟောင်းသုတေသနပညာအသင်းရဲ့ အတွင်းရေးမှူး ဦးသူရအောင်ကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။
2018-08-31
ဆွာရေလှောင်တမံ ကျိုးပေါက်ပြီး ရေလွှမ်းမိုးခံခဲ့ရတဲ့ ကျေးရွာတွေမှာ စပါးခင်းတွေ ပျက်စီးသွားသလို၊ လယ်မြေတွေ သဲတွေနုံးတွေ ဖုံးလွှမ်းပျက်စီးသွားတဲ့အတွက် အစိုးရချေးငွေနဲ့ ရင်းနှီးလုပ်ကိုင်ခဲ့ရတဲ့ လယ်သမားတွေ အထိအနာဆုံးဖြစ်နေပြီလို့ သိရပါတယ်။
2018-08-31
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး အသစ်ဖွဲ့စည်းလိုက်တဲ့ လွတ်လပ်သောစုံစမ်းရေးကော်မရှင်ဟာ ဒီကနေ့ မောင်တောမြို့နယ်ကို သွားရောက်ပြီး ဟိန္ဒူဘာသာဝင်တွေ သတ်ဖြတ်ခံခဲ့ရတဲ့ အခြေအနေတွေကို မေးမြန်းစုံစမ်းခဲ့ပါတယ်။
2018-08-31
မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအရေးနဲ့ ပတ်သက်ပြီး တစ်ခုခု ထိထိရောက်ရောက် မဆောင်ရွက်ရင် ရေရှည်မှာ နိုင်ငံအတွက် ဆိုးကျိုးတွေ ထွက်ပေါ်လာနိုင်တာ သတိချပ်သင့်တယ် လို့ စင်္ကာပူနိုင်ငံမှာ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ The Straits Times သတင်းစာက ရေးသားလိုက်ပါတယ်။
2018-08-31
ရိုဟင်ဂျာသမိုင်းကြောင်းနဲ့ ပတ်သက်ပြီး မြန်မာ့တပ်မတော်က ဇူလိုင်လအတွင်း ထုတ်ဝေလိုက်တဲ့ “မြန်မာ့နိုင်ငံရေးနှင့် တပ်မတော် အပိုင်း-၁” စာအုပ်မှာ.. တခြားနိုင်ငံတွေမှာ ဖြစ်ပျက်ခဲ့တဲ့ ဓာတ်ပုံအဟောင်းတွေကို ပြင်ဆင်ပြီး ရိုဟင်ဂျာတွေရဲ့ ရက်စက်မှုအဖြစ် လိမ်ညာဖော်ပြထားတယ်လို့ ရိုက်တာသတင်းဌာန ဖော်ထုတ်လိုက်ပါတယ်။
2018-08-31
ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုကော်မတီ MDCF ခေါင်းဆောင် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုထင်ကျော်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-ခ နဲ့ ရန်ကင်းမြို့နယ်တရားရုံးက အမှုဖွင့်လိုက်ပြီး အင်းစိန်ထောင်ကို ဒီနေ့ ဖမ်းဆီးခေါ်ဆောင် သွားပါတယ်။
2018-08-31
နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကြီးတွေကို တူညီရာစုဖွဲ့ပြီး ပြုပြင်ပြောင်းလဲရေးမူဝါဒချမှတ် အကောင် အထည်ဖော်ပေးဖို့ အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်မှာ ဒီနေ့ တင်သွင်း လိုက်ပါတယ်။
2018-08-31
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာအပါအဝင် တပ်မတော်နဲ့ပတ်သတ်တဲ့ စာမျက်နှာတွေ ဖြုတ်ချခံရတာနဲ့ ပတ်သက်ပြီး အစိုးရက တစ်စုံတစ်ရာ လုပ်ဆောင်ပေးရေးအတွက် ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းခွင့် တင်ပြရာမှာ ပယ်ချခံခဲ့ရပါတယ်။
2018-08-31
စစ်တောင်းမြစ်ရေဟာ လောလောဆယ် စိုးရိမ်ရေမှတ်မှာ ရပ်တန့်နေပြီး နောက်ထပ် မိုးရွာလာနိုင်တဲ့ အခြေအနေရှိတာကြောင့် ဒေသခံတွေအနေနဲ့ မိုးရေကြီးမြင့်မှု အန္တရာယ်ကို သတိထားဖို့လိုတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
2018-08-31
ရခိုင်ပြည်နယ်မှာ အခြေစိုက်မယ့် “အဖရခိုင်ပါတီ” တည်ထောင်ခွင့် လျှောက်ထားချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ ငြင်းပယ်လိုက်ပါတယ်။