ပုဂံ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ဖို့ အခက်အခဲကြုံနိုင်
2018.08.31
ပုဂံဒေသဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားခဲ့ရင် စစ်မဲ့ဇုံအဖြစ်သတ်မှတ်ပြီး ကမ္ဘာစစ်ဖြစ်ရင်တောင် ကျည်ဆံကျခွင့်မရှိတဲ့ အခွင့်အရေးမျိုူးရမှာဖြစ်ပါတယ်။ ကုလပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့က လာရောက် စစ်ဆေးတော့မယ့်အချိန်မှာ ပုဂံအမွေအနှစ်စီမံခန့်ခွဲရေးကော်မီတီရဲ့မူဝါဒတွေကြောင့် ပုဂံဟာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ဖို့ အခက်အခဲတွေကြုံရနိုင်တဲ့အတွက် မြန်မာနိုင်ငံရှေးဟောင်းသုတေသနပညာအသင်းက ကြေငြာချက်ထုတ်ပြန်ပြီး သတိပေးလိုက်ပါတယ်။မြန်မာနိုင်ငံရှေးဟောင်းသုတေသနပညာအသင်းရဲ့ အတွင်းရေးမှူး ဦးသူရအောင်ကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။