ကိုထင်ကျော်ကို အင်းစိန်ထောင်ကို ဖမ်းဆီးခေါ်ဆောင်
2018.08.31

ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုကော်မတီ MDCF ခေါင်းဆောင် နိုင်ငံရေး အကျဉ်း သားဟောင်း ကိုထင်ကျော်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-ခ နဲ့ ရန်ကင်းမြို့နယ်တရားရုံးက အမှုဖွင့်လိုက်ပြီး အင်းစိန်ထောင်ကို ဒီနေ့ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ဒီနေ့ မနက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ ရှေ့မှာ ကိုထင်ကျော် တစ်ကိုယ်တော် ဆန္ဒပြနေစဉ် ကျောက်တံတား စခန်းမှူးက ဖမ်းဆီးပြီး ရန်ကင်းမြို့နယ် ရဲစခန်းကို ခေါ်ဆောင်သွားပြီးနောက် အင်းစိန်ထောင်ကို ပို့တာဖြစ်တယ်လို့ MDCF အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ကိုမှတ်ကြီးက ပြောပါတယ်။
"ကျောက်တံတားစခန်းမှူးက ရောက်လာပြီးတော့ ကိုထင်ကျော်ကို ခေါ်တယ်၊ ခေါ်တော့ အဲဒါနဲ့ ကိုထင်ကျော်က ဘယ်ကိုသွားရမှာလဲဆိုတော၊့ မဟုတ်ဘူး ကျနော်တို့ဆီက နောက်မှအမှုဖွင့်မယ်တဲ့ လောလောဆယ်တော့ ရန်ကင်းစခန်း၊ ရန်ကင်းစခန်းကနေ ဟိုရောက်တာနဲ့ ကိုထင်ကျော်ကိုကားနဲ့ ခေါ်ပြီးတော့ ရန်ကင်းတရားရုံးပေါ့၊ ရန်ကင်းတရားရုံးရောက်တော့ အမှုကို ရုံးချိန်းယူတယ်ပေါ၊့ ရမန်ယူတယ် ရမန်ယူပြီးတော့ အဲဒီကကားနဲ့ပဲချက်ချင်း အင်းစိန်ထောင်ကို ပို့လိုက်တယ်"
တကိုယ်တော် ဆန္ဒပြခဲ့တဲ့ ကိုထင်ကျော်က စစ်ဗိုလ်ချုပ်ကြီးတွေကို ICC က လာရောက်ဖမ်းဆီးပါလို့ စာသားရေးထားတဲ့ ဗီနိုင်းကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ -ခ နဲ့ ကိုထင်ကျော် ရန်ကင်းတရားရုံးမှာ အမှုဖွင့်ခံထားရတာဟာ ပြီးခဲ့တဲ့ ဇူလိုင်လ က ဖြစ်ပါတယ်။
ကျောက်တံတားမြို့နယ်မှာ ဆန္ဒပြတဲ့ကိစ္စကိုတော့ နောက်မှအမှုဖွင့်မယ်လို့ စခန်းမှူးက ပြောတယ်လို့ သိရပါတယ်။
လာမယ့် စက်တင်ဘာလ ၆ ရက်နေ့မှာတော့ ဒီနေ့ ဖမ်းခံရတဲ့အမှုနဲ့ ပက်သတ်လို့ ကိုထင်ကျော်ကို ရန်ကင်းတရားရုံးမှာ စစ်ဆေးမှာဖြစ်ပါတယ်။