သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-07-31
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စလို့ သိသာသာသာ တိမ်ကောလာပြီဖြစ်တဲ့ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အတွင်းရှိ နာမည်ကျော် အင်းလေးကန် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေအတွက် နော်ဝေအစိုးရက အမေရိကန် ဒေါ်လာ ၂ သန်း ထောက်ပံ့ကူညီမယ်လို့ သိရပါတယ်။
2011-07-31
ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ဝန်ထမ်းဟောင်း ၄ဝ ကျော်ဟာ အလုပ်အကိုင် ဆုံးရှုံးခဲ့တာနဲ့ ပတ်သက်ပြီး စစ်တွေမြို့ကို ရောက်ရှိနေတဲ့ သမ္မတဦးသိန်းစိန်ကို သွားရောက်ဆန္ဒပြ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
2011-07-31
ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လက ပင်လယ်ပြင်မှာ မုန်တိုင်းမိပြီး သေဆုံး၊ ပျောက်ဆုံးခဲ့သူ တွေရဲ့ မိသားစုဝင်တွေကို NLD လူမှုအထောက်အကူပြု အဖွဲ့က ဒီကနေ့ အလှူငွေ သွားရောက် ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
2011-07-31
NLD ပါတီ တရားဝင် ရပ်တည်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး လာမယ့်သီတင်းပတ် သောကြာနေ့ မတိုင်ခင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်ပြမယ်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေ ဦးဉာဏ်ဝင်းက RFA ကို ဒီကနေ့ ပြောပါတယ်။
2011-07-31
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်နဲ့ နမ့်စမ်မြို့ အကြား ဝမ်ပုံရွာအနီးမှာ မြန်မာအစိုးရတပ်နဲ့ SSA တပ်တို့ စနေနေ့ မွန်းလွဲ ၄ နာရီခန့်မှာ တိုက်ပွဲ အတန်ကြာ ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။
2011-07-31
အစ္စလာမ် သာသနာ့ဝတ္တက မြေအဖြစ် သတ်မှတ်ထားခြင်းခံရတဲ့ နှစ်ပေါင်း ၁၅ဝ သက်တမ်းရှိ မွတ်စလင်သင်္ချိုင်းဟောင်းကို ညအချိန်မတော်မှာ ဘူဒိုဇာနဲ့ တူးဖော်ဖျက်ဆီးမှုနဲ့ ပတ်သက်ပြီး သင်္ချိုင်းမြေ ဂေါပကအဖွဲ့က ဒေသခံ အစ္စလာမ် ဘာသာဝင် ၈ ထောင်ကျော်ရဲ့ လက်မှတ်တွေနဲ့အတူ ဦးသိန်းစိန်ထံ တိုင်ကြားလိုက်တယ်လို့ သိရှိရပါတယ်။
2011-07-31
မြန်မာအစိုးရက ကလေးစစ်သားတွေ အသုံးပြုနေတယ် ဆိုတာကို အမေရိကန် အောက်လွှတ်တော်မှာ ဝန်ခံထွက်ဆိုမယ့် ကိုဟိန်းမင်းအောင် ကို အမေရိကန်နိုင်ငံ မေရီလဲန်းနဲ့ ဗာဂျီးနီးယား ပြည်နယ်တွေမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား မိသားစုတွေက မနေ့ကညနေပိုင်းက ကြိုဆိုပွဲတခု ကျင်းပခဲ့ကြပါတယ်။
2011-07-31
အခုတပတ် ဦးခင်မောင်စိုး စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ တိုင်းရင်းသားဒေသတွေ မှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရှင်းကြဖို့ သမ္မတဦးသိန်းစိန်နဲ့ တိုင်းရင်းသား အဖွဲ့အစည်း ၄ ခုကို ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့တာနဲ့ ပတ်သက်ပြီး ဆွေးနွေးထားကြပါတယ်။
2011-07-30
အိန္ဒိယနိုင်ငံ အရုနချာပြည်နယ်မှာ ရောက်ရှိခိုလှုံနေကြတဲ့ မြန်မာနိုင်ငံ နာဂတိုင်းရင်းသား စစ်ပြေး ဒုက္ခသည်တွေဟာ အခုအချိန်အထိ အကူအညီတွေ မရရှိကြဘူးလို့ သိရပါတယ်။
2011-07-30
ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေရဲ့ အန္တရာယ်ကို စိုးရိမ်ပူပန်တဲ့အတွက် တရုတ်နိုင်ငံဘက်ကို ထွက်ပြေး ရောက်ရှိလာတဲ့ စစ်ပြေးဒုက္ခသည်တွေ ဒီရက်ပိုင်းအတွင်း ပိုများလာတယ်လို့ သိရပါတယ်။
2011-07-30
မြန်မာနိုင်ငံမှာ ဒေါ်လာဈေးတွေ ဆက်တိုက် ကျဆင်းနေတဲ့အတွက် ငါးမွေးမြူရေး လုပ်ငန်းရှင်တွေ အကြီးအကျယ် ထိခိုက်နေပြီး ရေရှည် အခက်အခဲ ရှိလာနိုင်ကြောင်း ငါးမွေးမြူရေး လုပ်ငန်းရှင်တဦးက ဒီကနေ့ ပြောဆိုပါတယ်။
2011-07-30
မလေးရှားနိုင်ငံ မလက္ကာမြို့က TJR လေအေးစက် အပိုပစ္စည်းစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၂ ဦးဟာ အလုပ်ပွဲစားက မတရား ပြင်းပြင်းထန်ထန် ရိုက်နှက်တဲ့အတွက် နောက်ထပ် နှိပ်စက်မှုကနေ လွတ်မြောက်အောင် ထွက်ပြေး ပုန်းရှောင်နေကြရတယ်လို့ သိရပါတယ်။
2011-07-30
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း တွေမှာ စာရင်းသွင်းထားပြီး UNHCR (ကုသသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး) က လာရောက် စစ်ဆေးတဲ့အခါ မှတ်တမ်းတင်ဓာတ်ပုံ မရိုက်ရသေးသူ တွေကို ပြန်လည်လက်ခံနိုင်ဖို့ လူစာရင်းတွေ ပြန်လည် ကောက်ခံတော့မယ်လို့ သိရပါတယ်။
2011-07-30
မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာအစိုးရကို တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
2011-07-29
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး အတွက် ထုတ်ပြန်လိုက်တဲ့ အိတ်ဖွင့်ပေးစာ အပေါ် အပြုသဘော ဆောင်တဲ့ ဆောင်ရွက်ချက် ပူးပေါင်း ဆောင်ရွက်မှု တခုအဖြစ် ရှုမြင်တယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေး အဖွဲ့ဝင် နိုင်ငံရေး အကြံပေး ဒေါက်တာ နေဇင်လတ်က RFA ကို ပြောဆိုပါတယ်။