အိတ်ဖွင့်ပေးစာအပေါ် အပြုသဘော ဆောင်ရွက်မှုလို့ သမ္မတအကြံပေးရှုမြင်
2011.07.29

ahuntphonemyat
ဒေါ်အောင်ဆန်းစုကြည်က မနေ့က နေ့စွဲနဲ့ သမ္မတ ဦးသိန်းစိန် အပြင် KIO ကချင်လွတ်မြောက် ရေးအဖွဲ့၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ မွန်ပြည်သစ်ပါတီ NMSP နဲ့ ရှမ်းပြည်လွတ် မြောက်ရေးအဖွဲ့ SSA အဖွဲတွေထံကို လိပ်မူပြီး ငြိမ်းချမ်းရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး အတွက် တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်း ရေးသားထားတဲ့ အိတ်ဖွင့်ပေးစာကို ပေးပို့ခဲ့တာပါ။
ဒီစာနဲ့ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေးအဖွဲ့ဝင် ဒေါက်တာနေဇင်လတ်က သူ့အမြင်ကို ခုလို ပြောပါတယ်။
“အပြုသဘော ဆောင်တယ်လို့လည်း မြင်တယ်။ ပူးပေါင်းဆောင်ရွက်မှု တစ်ရပ်လို့လည်း မြင်ပါတယ်။ နောက်တခါ ကျနော်တို့ ဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ပူးတွဲ ကြေညာချက် ပေါ့ဗျာ အဲဒီရဲ့ နောက်ဆက်တွဲ ကိစ္စရပ်လေးတွေ လို့လဲ ယူဆပါတယ်”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာမှာ လတ်တလော ဖြစ်ပျက်နေတဲ့ ပဋိပက္ခ တွေရဲ့ ဆိုးကျိုးတွေကို ပြောဆိုထားသလို အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပံ့ပိုး ရန်အတွက် သူ့အနေနဲ့ ကိုယ်စွမ်းရှိသမျှ ပါဝင်ကြိုးပမ်းပေးဖို့ အသင့်ရှိပါတယ်လို့လည်း ရေးသားထားပါတယ်။
ဒေါက်တာနေဇင်လတ်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်း ထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |