သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-05-31
ရန်ကုန်ကနေ ပြင်ဦးလွင်မြို့ကိုသွားတဲ့ Elite ခရီးသည်တင်ကားဟာ ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၃၅၇ မှာ မနေ့ မနက်ပိုင်းက တိမ်းမှောက်ခဲ့ပြီး ခရီးသည် ၅ ဦးသေ ဆုံးခဲ့ပါတယ်။
2015-05-31
မြေသိမ်းတဲ့ တပ်နဲ့ တောင်သူ အချင်းများရာက ကိုယ့်ကိုယ်ကို မီးရှို့အဆုံးစီရင်သွားတဲ့ တောင်ကြီး ခရိုင် ရွှေညောင်မြို့နယ် ရေပူကျေးရွာ က တောင်သူ ဦးမြင့်အောင်ရဲ့ တူမနှစ်ယောက်ကိုလည်း ရဲစခန်း က အမှုဖွင့်ထားပါတယ်။ ဒေါ်စမ်းစမ်းတင်က တင်ပြ ပါမယ်။
2015-05-31
ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းအနီးမှာ ထိန်းသိမ်းထားတဲ့ လှေစီးဒုက္ခသည်တွေ ဆီကို သွားရောက်ခဲ့ကြတဲ့ သတင်းထောက်တွေကို အစိုးရရေတပ်က သွားခွင့်မပြုခဲ့ဘဲ ခေတ္တထိန်းသိမ်းခဲ့ တယ်လို့ သိရပါတယ်။
2015-05-31
ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းလူသတ်မှု မှာ ဖမ်းဆီးခံနေရတဲ့ မြန်မာအလုပ်သမား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့ အမှုနဲ့ပတ် သက်ပြီး မျိုးဗီဇ ဒီအင်အေတွေကို စစ်ဆေးဖို့ ပေးပို့ ထားတဲ့ အထောက်အထားတွေမှာ အချက်အလက် တချို့ ပျောက်ဆုံးနေတဲ့အတွက် အမှုစစ်ဆေးမှုတွေ မှာ အခက်အခဲဖြစ် နိုင်တယ်လို့ ထိုင်း အမျိုးသား မှုခင်းဆေးသိပ္ပံဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဖွန်းထစ်က ပြောပါတယ်။
2015-05-31
ရခိုင်ပြည်နယ်မှာ သက်တမ်းကုန်ဆုံးတဲ့ ယာယီသက်သေခံကဒ်ပြားတွေကို ဒီနေ့ နောက်ဆုံးထား လက်ခံသိမ်းဆည်း ခဲ့ရာမှာ ကဒ်ပြားပေါင်း ၃၉၀,၀၀၀ ကျော်ကို လက်ခံရရှိခဲ့ တယ်လို့ ရခိုင်ပြည်နယ်အစိုးရက ပြောပါတယ်။
2015-05-31
မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ဒီနေ့ ကျင်းပတဲ့ တတိယအကြိမ် အမျိုးသား သတင်းဆုပေးအပ်ပွဲမှာ သတင်း သူရဲကောင်းဆု၊ အကောင်းဆုံးကာတွန်းဆု၊ ရုပ်သံ အကောင်းဆုံးဆုနဲ့ အကောင်းဆုံး သတင်းဓါတ်ပုံဆု စုစုပေါင်း ဆုလေးဆုကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
2015-05-31
မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အရေးကြီး တဲ့သမိုင်း အချိုးအကွေ့တစ်ခုကို ရောက် ရှိနေပြီ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် ပါတယ်။
2015-05-31
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ သူရဦးရွှေမန်းဟာ ပါတီရဲ့ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီ ဥက္ကဌ အဖြစ် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
2015-05-31
ရခိုင်ပြည်နယ်မှာ ရောက်ရှိနေတဲ့ ဘင်္ဂ လားဒေ့ရှ်နိုင်ငံက လှေစီးဒုက္ခသည်တွေကို ဥပဒေကြောင်းအရ ဖြေရှင်းသွားမှာဖြစ်ပြီး လှေစီးဒုက္ခသည်အရေး ဟာ မြန်မာနိုင်ငံနဲ့ ရခိုင်ပြည်နယ်ရဲ့ ပုံရိပ်အတွက် အရေးကြီးကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောပါတယ်။
2015-05-31
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့ နယ်က စံပယ်တောင်၊ ကြေး စင်တောင် ကြေးနီစီမံကိန်းက မြေယာလျော်ကြေး ရဖို့ တောင်းဆိုနေတဲ့ ဒေသခံတွေ ရဲ့ တောင်းဆိုချက်တွေ ကို ပြည်သူ့လွှတ်တော်မှာ တင်ပြသွားမှာဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
2015-05-31
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ်အစည်းအဝေးကို ၂ဝ၁၅ ခုနှစ်၊ မေလ ၂၉ ရက်ကနေ ၃၁ ရက် အထိ နေပြည်တော်မှာရှိတဲ့ ပါတီဌာနချုပ်မှာ သုံး ရက်တာကျင်းပခဲ့ပါတယ်။
2015-05-31
မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ချီးမြှင့်တဲ့ အမျိုးသားသတင်း ဆုပေးပွဲအခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က မြရိပ်ညိုဟိုတယ်မှာ ဒီနေ့ ကျင်းပခဲ့ပြီး သတင်း၊ ဓါတ်ပုံ၊ ရုပ်သံနဲ့ ကာတွန်းဆုတွေ ပေးအပ်ခဲ့ပါတယ်။
2015-05-31
လွန်ခဲ့တဲ့ ၂ဝဝ၃ ခုနှစ်က မေလ ၃ဝ ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေရဲ့ ယာဉ်တန်း ဒီပဲယင်းမြို့၊ ကျည်ရွာကိုရောက်ရှိချိန်မှာ အင်အား နှစ်ထောင် လောက်ရှိမယ့် လူအုပ်စုက ဒေါ်အောင် ဆန်းစုကြည်ကို အကြမ်းဖက် လုပ်ကြံဖို့ ကြိုးစားခဲ့ ပါတယ်။
2015-05-31
မိုးစပါးအတွက် စိုက်ပျိုးစရိတ်ဘဏ်ချေးငွေတွေကို လယ်ယာလုပ်ကိုင်ခွင့် ပုံစံ ၇ ရှိသူများကိုသာ ထုတ်ချေးပေးဖို့ ညွှန်ကြားထားတာကြောင့် မြန်မာ လယ်ယာဖွံ့ဖြိုးရေးဘဏ်က ချေးငွေရရှိရေးအတွက် ပုံစံ ၇ မရှိတဲ့ လယ်သမားတွေ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။
2015-05-31
NCA တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် လက်ရှိမူကြမ်းဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအတွက် လက်နက်စွန့်ရုံကလွဲလို့ အခွင့်အရေးတွေ မရရှိနိုင်တာကြောင့် စာချုပ်ကို လက်မှတ်မထိုးခင် အလေးအနက် စဉ်းစားဆောင် ရွက်ကြဖို့ IKO လို့ ခေါ်တဲ့ နိုင်ငံတကာ ကရင် အမျိုးသား အစည်းအရုံးက တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းတွေနဲ့ စုဖွဲ့ထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီကို သတိပေးတိုက်တွန်းလိုက်ပါတယ်။