ရွေးကောက်ပွဲ အောင်နိုင်ရေး သူရဦးရွှေမန်း ဦးဆောင်သွားမည်


2015.05.31
usdp-press-620.jpg ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို မေလ ၃၁ ရက်နေ့က နေပြည်တော်မှာ ကျင်းပနေစဉ်။
Photo: Win Naung Toe/ RFA

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ သူရဦးရွှေမန်းဟာ ပါတီရဲ့ ၂၀၁၅ ရွေးကောက်ပွဲ အောင် နိုင်ရေးကော်မတီ ဥက္ကဌအဖြစ် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒီနေ့နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ ပါတီ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးသိန်းဆွေက ပြောခဲ့တာ ဖြစ်ပါတယ်။

"နိုင်ငံတော်သမ္မတကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီတာဝန်ထမ်းဆောင်လို့ မရဘူး၊ အဲ့ဒီအတွက် ဒုတိယ ဥက္ကဌဖြစ်တဲ့ သူရဦးရွှေမန်းက ပါတီဥက္ကဌအဖြစ် တာဝန်ယူနေပါတယ်၊ ပြီးရင် ကျနော်တို့ ရွေးကောက် ပွဲအောင်နိုင်ရေး ဥက္ကဌဖြစ်တဲ့သူ့ကို ပါတီဗဟိုကော်မတီက တာဝန်ပေးထားပါတယ်၊ အဲ့တော့ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်ထိ သူကပါတီဗဟိုအောင်နိုင်ရေး ဥက္ကဌဖြစ်နေမှာဖြစ်ပါတယ်"

မေလ ၂၉ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ကျင်းပတဲ့ ညီလာခံမှာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မှာ ပြည်ခိုင်ဖြိုးပါတီ နေရာအများစုအနိုင်ရရှိရေး အတွက် ရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ငန်းစဉ်တွေ ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာကိုသာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့ မူဝါဒဟာ တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူညီမျှရေး၊ ဗဟိုဦးစီးစနစ်လျော့ချရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးတွေ ဖြစ်တယ်လို့ ဒုတိ ယမြောက်နေ့မှာ ပါတီဥက္ကဌ သူရဦးရွှေမန်း က ပြောခဲ့ပါတယ်။

စတုတ္တအကြိမ်မြောက် ပြည်ခိုင်ဖြိုးဗဟိုကော်မတီ အစည်းအဝေးကို ဗဟိုအလုပ်မှု ဆောင်တွေ၊ ဗဟိုကော်မတီ ဝင်တွေနဲ့ အရန်ဗဟိုကော်မတီဝင်တွေ စုစုပေါင်း ၃၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။