လိပ်ကျွန်းလူသတ်မှုမှာ DNA တချို့ ပျောက်ဆုံးနေတဲ့ အကြောင်းမေးမြန်းချက်


2015.05.31

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းလူသတ်မှုမှာ ဖမ်းဆီးခံနေရတဲ့ မြန်မာအလုပ်သမား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့ အမှုနဲ့ပတ်သက်ပြီး မျိုးဗီဇ ဒီအင်အေတွေကို စစ်ဆေးဖို့ ပေးပို့ထားတဲ့ အထောက်အထားတွေမှာ အချက်အလက် တချို့ ပျောက်ဆုံးနေတဲ့အတွက် အမှုစစ်ဆေးမှုတွေမှာ အခက်အခဲဖြစ် နိုင်တယ်လို့ ထိုင်း အမျိုးသားမှုခင်းဆေးသိပ္ပံဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖွန်းထစ်က ပြောပါတယ်။

လိပ်ကျွန်းလူသတ်မှု နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့် ကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။