လက်ရှိ NCA အပစ်ရပ်စာချုပ် မူကြမ်းအတိုင်း လက်မှတ်ရေး ထိုးရင် ဘာဖြစ်နိုင်သလဲ
2015.05.31
NCA တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် လက်ရှိမူကြမ်းဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအတွက် လက်နက်စွန့်ရုံကလွဲလို့ အခွင့်အရေးတွေ မရရှိနိုင်တာကြောင့် စာချုပ်ကို လက်မှတ်မထိုးခင် အလေးအနက် စဉ်းစားဆောင်ရွက်ကြဖို့ IKO လို့ ခေါ်တဲ့ နိုင်ငံတကာ ကရင်အမျိုးသား အစည်းအရုံးက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စုဖွဲ့ထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကို သတိပေးတိုက်တွန်းလိုက်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ IKO အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖဒို မန်းအော်လန်းဒိုးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းတင်ပြပါလိမ့်မယ်။