ယာယီသက်သေခံကဒ်ပြား လေး သိန်းနီးပါး လက်ခံရရှိ


2015.05.31
white-card-620.jpg White Card လို့ခေါ်တဲ့ အဖြူရောင် ယာယီသက်သေခံ လက်မှတ်တွေကို ရခိုင်ပြည်နယ်မှာ ဧပြီလ ၁ ရက်နေ့က စတင်သိမ်းဆည်းနေစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ သက်တမ်းကုန်ဆုံးတဲ့ ယာယီသက်သေခံကဒ်ပြားတွေကို ဒီနေ့ နောက်ဆုံးထား လက်ခံသိမ်း ဆည်းခဲ့ရာမှာ ကဒ်ပြားပေါင်း ၃၉၀,၀၀၀ ကျော်ကို လက်ခံရရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်အစိုးရက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ယာယီသက်သေခံကဒ်ပြား ကိုင်ဆောင်သူ ၆ သိန်း ၆ သောင်း ကျော်ရှိတာကြောင့် တဝက်ကျော် ပဲ လက်ခံရရှိတယ်လို့ ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက ပြောပါတယ်။

"၃၉၂၂၈၅ ပါ၊ အဲ့ဒါက လက်ရှိကျနော်တို့ ၃ နာရီထိရတဲ့သတင်းပါ၊ ဘင်္ဂါလီ ကိုယ်စားလှယ်တွေကရော၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးကရော၊ သူတို့ထဲမှာရှိတဲ့ သူအားလုံးကတော့ အကုန်အပ်ပြီးပါပြီတဲ့၊ ကျန်တဲ့သူ အားလုံးကတော့ ပျောက်တာနဲ့ သေတာတွေများပါတယ်တဲ့၊ တချို့ကျတော့လည်း ဒီမှာ ၂၀၁၂ မှာတုန်းက အရေးအခင်းဖြစ်တဲ့အချိန်တုန်းက ပြောင်းတာရွှေ့တာနဲ့ ကဒ်ပြားတွေမီးလောင်၊ ပျောက်ဆုံးတာတွေ များနေကြ တာပါတဲ့"

မြန်မာနိုင်ငံမှာ မတ်လ ၃၁ ရက်နေ့က သက်တမ်းကုန်ဆုံးသွားတဲ့ ယာယီသက်သေခံ လက်မှတ်တွေကို ဧပြီလ ၁ ရက်နေ့ကနေစတင်ပြီး ဒီနေ့မေလ ၃၁ ရက်နေ့ အထိ လက်ခံသိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

ယာယီသက်သေခံကဒ်ပြား ပြန်အပ်သူတွေကို လက်ခံရရှိကြောင်း အထောက်အထား စာရွက်တွေ ထုတ်ပေးထား ပြီး အစိမ်းရောင်ကဒ်ပြားတွေ ထုတ်ပေးသွား မယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မွတ်စလင်တွေကို စစ်အစိုးရလက်ထက် လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်လောက်ကစတင်ပြီး ယာယီသက်သေခံကဒ်ပြားတွေထုတ်ပေးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။