သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-04-30
အမျိုးသမီးတွေအပေါ် စစ်ကောင်စီက အကြမ်းဖက် နှိပ်စက်တာတွေဟာ ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီး ဒီပြစ်မှုတွေကို နိုင်ငံတကာခုံရုံးထိ ရောက်အောင် အလျင်အမြန်ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ အမျိုးသမီးအရေးလှုပ်ရှားသူတွေက ပြောပါတယ်။
2021-04-30
မနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တံခါးပိတ်အစည်းအဝေး တစ်ခု ကျင်းပခဲ့ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေရဲ့ အစည်းအဝေးကျင်းပပြီး တစ်ပတ်အကြာမှာ အခုလို ကျင်းပတာနဲ့ နိုင်ငံတကာအနေနဲ့ အာဆီယံအစည်းအဝေးကနေပေါ်ထွက်လာတဲ့ ရလဒ် နောက်ကို မလိုက်ဖို့လိုတဲ့အကြောင်း Global Justice Center အဖွဲ့က ကြေညာချက် ထုတ်ပြန်ပြီး သတိပေးလိုက်ပါတယ်။
2021-04-30
NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့၁၀ဖွဲ့ထဲက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က မြန်မာနိုင်ငံတွင်းက ပြည်တွင်း ပဋိပက္ခတွေကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းများရှာ ဆောင်ရွက်မယ်ထုတ်ပြန်ထားပြီး CRPH အဖွဲ့အပေါ် ဆက်စပ်ပံ့ပိုးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းနိုင်ခြင်းဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုးတက်မှု ခြေလှမ်းလို့ကြေညာထားပါတယ်။
2021-04-30
အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံအနှံ့အပြားက မြို့နယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို လိုက်လံ ဖမ်းဆီးနေပါတယ်။ ဧရာဝတီတိုင်း ငပုတောမြို့နယ် ငြုပ်ကောင်းမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလင်းလင်း ကို ကြာသပတေးနေ့ကဖမ်းဆီးပြီး ငပုတောမြို့နယ်ရဲစခန်းကို မနေ့ကပို့ဆောင်ခဲ့ရာမှာ ရဲစခန်းကို မရောက်ပဲ လမ်းမှာ ပျောက်ဆုံးနေပါတယ်။
2021-04-30
ဧပြီ ၃၀ ရက်နေ့ ဒီနေ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ပြည်သူတွေဟာ KIA နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံကြောင်း စာတန်းများကိုင်ဆောင်ပြီး လမ်းလျှောက်ဆန္ဒပြခဲ့ကြသလို တနင်္သာရီတိုင်း ထားဝယ်မြို့မှာလည်း အင်ဂျင်နီယာနဲ့ ပညာရေးသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။
2021-04-30
အနောက်နိုင်ငံတချို့မှာ ကိုဗစ်ရောဂါပိုး ကူးစက်မှုနှုန်းတွေ သိသိသာသာလျှော့သွားပေမယ့် အရှေ့တောင် အာရှ နိုင်ငံတွေမှာ ကိုဗစ်ကြောင့် ရောဂါကူးစက်မှုနှုန်းရော သေဆုံးမှုနှုန်းတွေပါ မြင့်မားနေဆဲဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
2021-04-30
ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ မတ်လကုန်ထိ နှစ်လအတွင်းမှာ၊ စစ်ကောင်စီတပ်တွေနဲ့ ကရင့်အမျိုးသားအစည်းအရုံး ကေအဲန်ယူတပ်တွေအကြား တိုက်ပွဲပေါင်း ၂၀၀ ခန့် ဖြစ်ပွားခဲ့ပြီး၊ ဒေသခံပြည်သူ လေးသောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူ ဗဟိုရဲ့ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ပြောပါတယ်။
2021-04-30
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ လောင်စာဆီစျေးနှုန်း ချက်ချင်းမြင့်တက်နေပြီး ဓာတ်ဆီ တစ်ဂါလံကို နှစ်သောင်းကျပ်အထိ စျေးနှုန်းမြင့်တက်နေတယ်လို့ ဖားကန့်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
2021-04-30
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနားက သီးလုံးကျေးရွာမှာ ဧပြီ ၂၈ ရက်နေ့ညက အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံပြီး သတင်းပေးဒလံလုပ်ပေးနေတဲ့ ရွာသားတွေနဲ့ ဒီမိုကရေစီကိုလိုလားတဲ့ ရွာသားတွေ အချင်းချင်း စကားများ တုတ်တွေ၊ ဓါးတွေ၊ ဂျင်ကလိတွေနဲ့ ပစ်ခတ်ပြီးရန်ဖြစ်ကြတာကြောင့် စစ်ကောင်စီကို ထောက်ခံတဲ့ ဘက်က လူလေးယောက်သေဆုံးပြီး ခုနှစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။
2021-04-30
ချင်းပြည်နယ် ဟားခါးမြို့ အခြေစိုက်သတင်းဌာန တစ်ခုဖြစ်တဲ့ The Chinland Post ရဲ့ အယ်ဒီတာချုပ် ဆလိုင်းဘွဲအုပ်ထန်ကို စစ်တပ်က ဖမ်းဆီးဖို့ ဧပြီ ၂၉ ရက်နေ့ ညပိုင်းမှာ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ပေမယ့် မဖမ်းမိခဲ့တာကြောင့် သူရဲ့ ယောက်ဖဖြစ်သူကို ဖမ်းဆီးသွားတယ်လို့ ဆလိုင်း ဘွဲအုပ်ထန် က ဆိုပါတယ်။
2021-04-30
ရခိုင်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်း ၈၀ ရာခိုင်နှုန်းဟာ ရေအလုံအလောက် မရတဲ့ ပြဿာနာနဲ့ ရင်ဆိုင်နေရပြီး သောက်သုံးရေ အခက်အခဲဖြစ်နေကြတယ်လို့ စခန်းတာဝန်ရှိသူတွေနဲ့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။
2021-04-30
ဖမ်းဆီးမှုတွေ နေရာတိုင်းလုပ်နေတဲ့ကြားကပဲ ဧပြီလ ၃၀ ရက် ဒီနေ့ နေ့လည်ပိုင်း ရန်ကုန်မြို့ထဲမှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့လူငယ်တွေ စုပေါင်းပြီး ဗိုလ်ချုပ်လမ်းမနဲ့ မဟာဗန္ဓုလလမ်းမတွေပေါ်ကနေ ဆူးလေအထိ ချီဆက်ဆန္ဒပြခဲ့ကြတာပါ။
2021-04-30
ကရင်ပြည်နယ် ဖာပွန်ခရိုင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေထဲ ဧပြီလ ၂၇ နဲ့ ၂၈ ရက်နေ့က စစ်ကောင်စီတပ်က လေယာဉ်နဲ့ လက်နက်တွေ ပစ်ခတ်ခဲ့လို့ ကရင်ဒုက္ခသည်တွေ ထွက်ပြေးနေ ကြရပါတယ်။
2021-04-30
ဧပြီလ ၂၉ ရက်နေ့ မနေ့ညက ဖားကန့်မြို့နယ် အောင်မြေကျေးရွာမှာ ညသပိတ်နဲ့ လူငယ်တွေစုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
2021-04-30
ဧပြီလ ၃၀ ရက်နေ့ ဒီနေ့နံနက်အစောပိုင်းမှာ ထားဝယ်မြို့မှ လူငယ်တွေစုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး အရုဏ်ဦးသပိတ်ဆန္ဒပြခဲ့ကြသလို ထားဝယ်မြို့ စည်ပင်သာယာဈေးနဲ့ မြို့တောင်ပိုင်းတို့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။