ဧပြီ ၃၀ ရက် စစ်အာဏာရှင်ဆန့်ကျင်ရေး မြင်ကွင်းများ

2021.04.30

ဧပြီ ၃၀ ရက်နေ့ ဒီနေ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ပြည်သူတွေဟာ KIA နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံကြောင်း စာတန်းများကိုင်ဆောင်ပြီး လမ်းလျှောက်ဆန္ဒပြခဲ့ကြသလို တနင်္သာရီတိုင်း ထားဝယ်မြို့မှာလည်း အင်ဂျင်နီယာနဲ့ ပညာရေးသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။

အလားတူ မန္တလေးမြို့၊ အင်ဂျင်နီယာများအဖွဲ့ သပိတ်စစ်ကြောင်းနဲ့ သံဃသမဂ္ဂ သပိတ်စစ်ကြောင်းတို့ဟာ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုသာ ထောက်ခံကြောင်း ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။