သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-02-28
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မနေ့က အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို စစ်တပ် နဲ့ ရဲက ကျည်ဆန်အစစ်တွေအပါအဝင် ရာဘာကျည်တွေ မျက်ရည်ယိုဗုံးတွေနဲ့ ရက်ရက်စက်စက် ပစ်ခတ်နှိမ်နှင်းခဲ့တာကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့အတော် များများမှာ သေဆုံးသူ ၁၈ ဦး ထက်မနည်းရှိခဲ့ပြီး ဒဏ်ရာရသူ၊ ဖမ်းဆီးခံရသူတွေ အများအပြားရှိခဲ့ပါတယ်။
2021-02-28
မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုနောက်ကွယ်မှာ တရုတ်နိုင်ငံ ပါဝင်ပတ်သက် တဲ့အကြောင်းနဲ့ စစ်ခေါင်းဆောင်ရဲ့ ရည်မှန်းချက် ဖြစ်တယ်လို့ သုံးသပ်တဲ့ အကြောင်း အချက်အလက်တချို့ကို တင်ပြထားပါတယ်။
2021-02-28
ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုထားတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။
2021-02-28
အစိုးရ အပြောင်းအလဲနဲ့ပတ်သက်လို့ ကုလသမဂ္ဂကို တရားဝင် အကြောင်းကြားလာတာ မရှိသေးတဲ့အတွက် အာဏာသိမ်း စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ အစိုးရသစ်အဖြစ် တရားဝင် အသိအမှတ် ပြုမထားဘူးလို့ ဆိုပါတယ်။
2021-02-28
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ဒီနေ့မနက် အင်ဂျင်နီယာတပ်ပေါင်းစု သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းနဲ့ အနော်ရထာလမ်းမှာပိတ်ပြီး အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။
2021-02-28
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ဒီနေ့မှာ ရန်ကုန်မြို့လယ်ခေါင် ဆူးလေတစ်ဝိုက်နဲ့ စမ်းချောင်းမြို့နယ်တွေမှာ ဆန္ဒပြနေကြတဲ့ ပြည်သူတွေနဲ့ ဆန္ဒပြသူတွေကို စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတွေဖြစ်ပါတယ်။
2021-02-28
အာဏာရှင်စနစ်ကျဆုံးရေး အနယ်နယ်အရပ်ရပ် အင်နဲ့အားနဲ့ ဆန္ဒပြကြတဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ဒီနေ့မှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ The 74 Media က သတင်းထောက်တစ်ဦးအပါ ဆန္ဒပြလူငယ် ၃၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။
2021-02-28
အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု Civil Disobedient Movement မှာ ပါဝင်နေကြတဲ့ ဝန်ထမ်းတွေကို အာဏာသိမ်းစစ်အစိုးရက ဖိအားပေးတာတွေ ရှိနေပေမဲ့ ဒီလှုပ်ရှားမှုကို နောက်ဆုတ်သွားမှာ မဟုတ်ဘူးလို့ ရန်ကုန်မြို့က CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဆရာမ ဒေါ်ချမ်းပေါက ပြောပါတယ်။
2021-02-28
အာရှနွေဦးတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ထားတဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ဒီနေ့မှာ မြန်မာတစ်နိုင်ငံလုံးအနှံ့ စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြကြသူတွေကို စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက သေနတ်ကျည်၊ ရာဘာကျည်၊ မီးခိုးဗုံး၊ အသံမိုင်း၊ လေးခွစတာတွေနဲ့ ပစ်ခတ်ပြီး နည်းမျိုးစုံနဲ့ အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။
2021-02-28
ဖေဖော်ဝါရီ ၂၈ ဒီနေ့မနက်က စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ သတင်းယူနေရင်း ဖမ်းဆီးခံလိုက်ရတဲ့ သတင်းထောက် ငါးယောက်ရှိပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ သတင်းထောက် ၅ ဦး ထပ်မံ ဖမ်းဆီးခံရ
2021-02-28
တပ်မတော် အာဏာသိမ်းတာကို ကန့်ကွက်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းတပ်ဖွဲ့ ယာယီရဲမှူး တင်မင်းထွန်း ပါဝင်လာပါတယ်။
2021-02-28
တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ တပ်နဲ့ ရဲတပ်ဖွဲက သပိတ်စစ်ကြောင်းတွေကို ကျည်အစစ်နဲ့ အကြမ်းဖက်ဖြိုခွဲတာကြောင့် သုံးဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၀ နဲ့ ဖမ်းဆီးခံရသူ ၃၀ ခန့်ရှိပါတယ်။
2021-02-28
မြန်မာနိုင်ငံမှာ ဆန္ဒပြတဲ့သူတွေအပေါ် အကြမ်းဖက် ဖြိုခွင်းတာတွေ မလုပ်ဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ပြောဆိုထားပေမယ့် နိုင်ငံအနှံ့ မြို့အသီးသီးမှာ ဆန္ဒပြသူတွေကို အာဏာပိုင်တွေဘက်က သေနတ်တွေ၊ မျက်ရည်ယို ဗုံးတွေ၊ အသံဗုံးတွေနဲ့ ဒီကနေ့ ပစ်ခတ်ဖြိုခွဲဖမ်းဆီးနေပါတယ်။ ဒီလို အင်အားသုံး အကြမ်းဖက်ဖြိုခွဲမှုကြောင့် သေဆုံး သူတချို့ရှိပြီး၊ ဒဏ်ရာရသူတွေနဲ့ ဖမ်းဆီးခံရသူတွေလည်း တော်တော်များများ ရှိနေပါတယ်။
2021-02-27
အာဏာသိမ်းကောင်စီရဲ့ ယန္တရား မလည်ပတ်နိုင်အောင် အမေရိကန်ရှိ မြန်မာသံရုံးဝန်ထမ်းတွေအားလုံး စစ်အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု CDM မှာပါဝင်ကြဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကိုအသိအမှတ်ပြုပြီး ပူးပေါင်းကြဖို့ ဆန္ဒပြသူတွေက တောင်းဆို ခဲ့ကြပါတယ်။