မြန်မာသံရုံး ဝန်ထမ်းတွေ CDM မှာပါဝင်ဖို့ ဝါရှင်တန်မှာ ဆန္ဒပြတောင်းဆို

စောဖိုးခွား(ဝါရှင်တန်ဒီစီ)
2021.02.27

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ အမေရိကရောက်မြန်မာတွေ စုဝေးပြီး စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက် ဒီကနေ့ ထပ်မံဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အာဏာသိမ်းကောင်စီရဲ့ ယန္တရား မလည်ပတ်နိုင်အောင် အမေရိကန်ရှိ မြန်မာသံရုံးဝန်ထမ်းတွေအားလုံး စစ်အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု CDM မှာပါဝင်ကြဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကိုအသိအမှတ်ပြုပြီး ပူးပေါင်းကြဖို့ ဆန္ဒပြသူတွေကတောင်းဆိုခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲကို CRPHရဲ့ နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ် ကိုထင်လင်းအောင်နဲ့ မြန်မာပြည်ဖွား အမေရိကန် ရေတပ်အရာရှိဟောင်း Major Darryl Patrick Lamberth တို့လည်း ပါဝင်ခဲ့ပါတယ်။

ဆန္ဒပြပွဲ ဦးဆောင်သူတချို့ဟာ သံရုံးထဲဝင်ပြီး သံအမတ်ကြီး ဦးအောင်လင်းနဲ့ သံရုံးဝန်ထမ်းတွေကို CDM မှာပါဝင်ကြဖို့နဲ့ CRPH နဲ့ ပူးပေါင်းကြဖို့ စာပေးပို့ခဲ့ပါတယ်။

ဆန္ဒပြဦးဆောင်သူတွေရဲ့ စာကိုသံရုံးဘက်က လက်ခံထားရှိပေမယ့် သံအမတ်ကြီး ဦးအောင်လင်းရဲ့ သဘောထားကို RFA က မေးမြန်းခွင့်မရခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။