မြန်မာနိုင်ငံမှာ အာရှနွေဦးတော်လှန်ရေးနေ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့အကြမ်းဖက်
2021.02.28
အာရှနွေဦးတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ထားတဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ဒီနေ့မှာ မြန်မာတစ်နိုင်ငံလုံးအနှံ့ စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြကြသူတွေကို စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက သေနတ်ကျည်၊ ရာဘာကျည်၊ မီးခိုးဗုံး၊ အသံမိုင်း၊ လေးခွစတာတွေနဲ့ ပစ်ခတ်ပြီး နည်းမျိုးစုံနဲ့ အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။
သေဆုံးသူ၊ ဒဏ်ရရသူ၊ ဖမ်းဆီးခံရသူတွေရှိခဲ့ပါတယ်။ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ တနင်္သာရီ၊ ရှမ်းနဲ့ ကချင်ပြည်နယ်တွေက ဆန္ဒပြပွဲတွေနဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုမှတ်တမ်းတွေကို ဒီဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။