သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-02-28
အမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးဖို့တောင်း ဆိုနေတဲ့ ကျောင်းသားတွေအနေနဲ့ သပိတ်မရပ်ပဲ ရန်ကုန်ကို ဦးတည်ချီတက်မယ်ဆိုရင် အရေးယူ မယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကမနေ့က ကြေညာ လိုက်ပါတယ်။
2015-02-28
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့လယ် က မုံကွင်းကို အများပြည်သူအသုံးပြုနိုင် တဲ့နေရာအဖြစ်သာ ထားရှိပေးဖို့ မိုးကုတ်မြို့ခံတွေက နိုင်ငံတော်သမ္မတထံ အသနားခံစာ တင်လိုက်ပါတယ်။
2015-02-28
ရခိုင် ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးဖြစ် တဲ့ ဦးအေးသာအောင်ဟာ ဇာတိရခိုင်ပြည် နယ် မြေပုံမြို့ကနေ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ အမျိုး သားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင် ခွင့်ပြုဖို့ ကိုယ်စားလှယ်လောင်းစာရင်းကို မနေ့က ရခိုင် အမျိုးသားပါတီပါတီထံ လျှောက်ထားလိုက်တယ်လို့ သိရ ပါတယ်။
2015-02-28
ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုန်က စက်ရုံ သုံးရုံမှာ တစ်လနီးပါးဆန္ဒပြနေကြတဲ့ အလုပ် သမားတွေထဲက တချို့ကလိုက်လျောမှု တချို့ တဝက်ရလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အလုပ်ပြန်ဝင် သွားပြီး တချို့က ဆက်လက် ဆန္ဒပြနေကြတာနဲ့ ပတ်သက် လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ် သမားသမဂ္ဂများ အဖွဲ့ချုပ် အကြံပေး ပုဂ္ဂိုလ် ဒေါ်မျိုးမျိုးအေး နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ဘောင်အဖွဲ့က အလုပ်သမားရေးရာ ဒု-တာဝန်ခံ ဒေါ်မာမာဦးတို့နဲ့ အတူ ဆွေးနွေးတင်ပြ ထားပါတယ်။
2015-02-28
မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမူ သမိုင်းမှာဦးဆောင်ပါဝင်ခဲ့တဲ့ ဝါရင့်နိုင်ငံရေး သမားကြီးတစ်ဦးဖြစ်သူ သခင်တင်မြဟာ ဒီနေ့မနက် ၇ နာရီခန့်က ဒဂုံမြို့သစ် အရှေ့ပိုင်းနေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
2015-02-28
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် က ကျောင်းဆရာ၊ ဆရာမတွေအတွက် လစာကို မြန်မာ့စီးပွားရေးဘဏ်က ထုတ် ယူတဲ့အခါ ပါကင်ထုတ်တွေထဲမှာ ငွေစက္ကူပုံစံ စက္ကူ အလွတ်တွေ သိန်း ၅ဝ နီးပါးပါဝင်နေတယ်လို့ မြို့နယ် ဒုတိယ ပညာရေးမှူးက ပြောပါတယ်။
2015-02-28
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရေး အတွက် ကျောင်းသားစစ်ကြောင်းတွေ ရန်ကုန်ကို ချီတက်လာမယ်ဆိုရင် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ဖို့ ကြိုးပမ်းရာမရောက်ပဲ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင်ဦးတည် ရာ ရောက်စေတဲ့အတွက် တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ပြန်ထဲရေးဝန်ကြီးဌာနက သတိပေးကြေညာချက်တစ်စောင်ကို ဒီနေ့ ဖေဖော်ဝါရီလ ၂၈ ရက် နေ့စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်၊
2015-02-28
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင်တွေဟာ ခုနှစ်ကြိမ်မြောက် အစည်း အဝေးကို မတ်လ လာမယ့် ၁၆ ရက်နေ့ တွေ့ဆုံဆွးနွေးဖို့ ဒီနေ့ သဘောတူညီလိုက်ပြီ ဖြစ်ပါတယ်။
2015-02-28
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေး ဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ကျောက်ဆည် နည်းပညာတက္ကသိုလ်နဲ့ ရတနာပုံတက္က သိုလ်က ကျောင်းသား ကျောင်းသူ ၅ ယောက်ကို ကျောက် ဆည် ခရိုင်အုပ်ချုပ်ရေးမှူးက တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ အပါအဝင် ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်လိုက်ပါတယ်။
2015-02-28
ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှားရှိ မယ်ဆိုရင် မြန်မာနိုင်ငံရဲ့တိုးတက်မှုကို အားရမှာ မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2015-02-28
ကိုးကန့်ဒေသတိုက်ပွဲတွေမှာ တရုတ်နယ်စပ်အခြေ စိုက် အဖွဲ့အစည်းတစ်ချို့ ပါဝင်ပတ်သက်မှု ရှိနေကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်လို့ တရုတ်အစိုးရ အနေနဲ့ ချမှတ်ထားတဲ့မူဝါဒအတိုင်း တိတိကျကျရပ် တည်ဆောင်ရွက်ဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ပြန် ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
2015-02-28
ဖေဖော်ဝါရီလ (၂၅) ရက် ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ တဲ့ ပြည်ထောင်စုလွှတ်တော်မှာ သမဝါယမ ဝန်ကြီးဌာနအတွက် တရုတ်ဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ချေးယူမယ့် ကိစ္စနဲ့ ပတ်သက်ပြီး သမဝါယမဝန်ကြီးဌာနရဲ့ ပြည်ထောင် စုဝန်ကြီး ဦးကျော်ဆန်းနဲ့ NLD အမျိူးသား ဒီမိုကရေ စီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တို့ အပြန် အလှန်ဆွေးနွေးခဲ့ကြပြီး ဝန်ကြီး ဦးကျော်ဆန်းက သမဝါယမ ချေးငွေတွေနဲ့ပတ်သက်လို့ မှားနေတာ ရှိရင် သူတာဝန်ယူပြီး အပြည့်အဝပြန်ဆပ်မယ် လို့ ပြန်လည်ဆွေးနွေးခဲ့ပါတယ်။
2015-02-28
‘အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းအပေါ် ပညာရေးဝန်ကြီးဌာနရဲ့ သဘောထား’ ဆိုပြီး တက္ကသိုလ်အသီးသီးက ပါမောက္ခချုပ်တွေနဲ့ ဒုတိယပါမောက္ခချုပ်တွေထံ အစိုးရပညာရေး ဝန်ကြီးဌာနက စာမျက်နှာ ၄၂ မျက်နှာပါ ထုတ်ပြန်ချက်တစ်ခုကို လျို့ဝှက်ဖြန့်ဝေထားပါတယ်။
2015-02-28
အမျိုးသားပညာရေးဥပဒေမှာပြင်ဆင်ပေးဖို့ ကျောင်းသားတွေတောင်းဆိုနေတဲ့ အချက်တွေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေနဲ့ ပညာရေးဝန်ကြီးဌာနတို့က လက်မခံဝေဖန်တာတွေ ရှိနေပါတယ်။
2015-02-27
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က စုပေါင်းအလုပ်သမားသပိတ်ကိုကူညီလို့ အဖမ်းခံ ထားရတဲ့ ကိုနိုင်ဇော်ကြည်ဝင်းကို အကျဉ်း ဦးစီးဌာနက မိသားစုနဲ့တွေ့ခွင့် မပြုတဲ့အတွက် အစားအသောက်နဲ့ဆေးဝါး ပေးခွင့်မရခဲ့ဘူးလို့သိရပါတယ်။