ဗိုလ်ချုပ်အောင်ဆန်း အားရမှာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ပြော


2015.02.28
dassk-gen-aung-san-305 ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့်အထိမ်းအမှတ်ပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်
Photo: 8888 NEW GENERATIONS

ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှားရှိမယ်ဆို ရင် မြန်မာနိုင်ငံရဲ့တိုးတက်မှုကို အားရမှာ မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ ဒီနေ့ ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့်အထိမ်းအမှတ်ပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။

"ဖေဖေသာရှိခဲ့လို့ရှိရင် ဒီနိုင်ငံရဲ့ တိုးတက်မှုနဲ့ ပတ်သက်လို့ ဘယ်လိုများသုံးသပ်မလဲ ဆိုတာ ပြည်သူလူထုကို ကြိုးစားစေချင်တယ်၊ အဲ့ဒီတော့ အားရအောင်လို့ ဖေဖေ့လို နိုင်ငံ့ရဲ့ လွတ်လပ်ရေးရဖို့ဆိုပြီး ကြိုးစားသွားတဲ့ တခြား အာဇာနည်ခေါင်းဆောင်ကြီးများ၊ မျိုးချစ်ပုဂ္ဂိုလ် ကြီးများ အားရနိုင်အောင်လို့ ပြောခဲ့တဲ့ မျိုးဆက်တွေ အများကြီးဆက်ပြီးတော့ လုပ်ဖို့လိုသေးတယ်၊ ခေတ်အဆက်ဆက် သူ့တာဝန်နဲ့သူကျသွားတာပဲ၊ အဲ့ဒါတွေကို ကျေပွန်နိုင်ဖို့ ထမ်းဆောင်ဖို့ဆိုတာဟာ ကျမတို့ ရှောင်လွှဲလို့မရပါဘူး"

ဟင်္သာတမြို့၊ ပြည်သူ့ဘောလုံးကွင်းမှာ ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်နှစ် ၁ဝဝ ပြည့်အထိမ်းအမှတ် ဂုဏ်ပြုပွဲကို ဒေသခံ လူဦးရေ ငါးသောင်းခန့် တက်ရောက်ခဲ့ပါတယ်။

အဲ့ဒီပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပြင် ဗဟိုကော်မတီဝင် ဦးဝင်းမြင့်လည်း တက်ရောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းအတွက် ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။

မနက်ဖြန်မှာ ဗိုလ်ချုပ်နှစ် ၁ဝဝ ပြည်ဂုဏ်ပြုပွဲကို ပြည်မြို့မှာ ကျင်းပသွားမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။