အစိုးရပညာရေးဝန်ကြီးဌာနရဲ့ လျို့ှဝှက်ဖြန့်ဝေထားချက်အကြောင်း မေးမြန်းချက်
2015.02.28
‘အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းအပေါ် ပညာရေးဝန်ကြီးဌာနရဲ့ သဘောထား’ ဆိုပြီး တက္ကသိုလ်အသီးသီးက ပါမောက္ခချုပ်တွေနဲ့ ဒုတိယပါမောက္ခချုပ်တွေထံ အစိုးရပညာရေး ဝန်ကြီးဌာနက စာမျက်နှာ ၄၂ မျက်နှာပါ ထုတ်ပြန်ချက်တစ်ခုကို လျို့ဝှက်ဖြန့်ဝေထားပါတယ်။
အဲ့ဒီသဘောထားထုတ်ပြန်ချက်ကို လက်ဝယ်ရရှိထားတဲ့ ဒဂုံတက္ကသိုလ် မနုဿဗေဒဌာနက ဆရာ ဦးလှမျိုးကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။