ကျပ်သိန်း ၅ဝ ခန့် ငွေထုပ်မှာ စက္ကူလွတ်တွေ အစားထိုး
2015.02.28

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်က ကျောင်း ဆရာ၊ ဆရာမတွေအတွက် လစာကို မြန်မာ့စီးပွားရေး ဘဏ်ကထုတ်ယူတဲ့အခါ ပါကင်ထုတ်တွေထဲမှာ ငွေ စက္ကူပုံစံ စက္ကူအလွတ်တွေ သိန်း ၅ဝ နီးပါးပါဝင်နေ တယ်လို့ မြို့နယ်ဒုတိယ ပညာရေးမှူးက ပြောပါတယ်။
ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့တိုင်ပင်ပြီး မအူပင် မြို့နယ် ရဲစခန်းမှာ ဒီနေ့ အမှုဖွင့်တိုင်ကြားမယ်လို့ မအူပင်မြို့နယ် ဒုတိယပညာရေးမှူး ဦးမြင့်စိုးက ပြော ပါတယ်။
"ခရိုင်အုပ်ချုပ်ရေးမှူးက ကျနော်တို့ကို အမှုဖွင့်လို ကလည်းဖွင့်၊ ဒါမှမဟုတ်လို့ရှိရင် တာဝန်ရှိတဲ့ သူတွေကို တင်ပြပြီးတော့တဲ့အခါကျတော့မှ တာဝန်ရှိတဲ့လူကြီးများကနေပြီးတော့ ညွှန်ကြား ချက်အတိုင်းလုပ်ရင် ပိုကောင်းပါတယ်လို့ ဆိုတော့ ကျနော် မနေ့ကတုန်းက အဲ့ဒီကိစ္စတွေကို တာဝန်ရှိတဲ့ လူကြီးတွေနဲ့ ကျနော်ညှိနှိုင်းတဲ့အခါ မှာ တိုင်းကလူကြီးတွေလာပါလိမ့်မယ်၊ လာမယ်ဆို လို့ရှိရင်တော့ တိုင်းကလူကြီးတွေနဲ့ ညှိနှိုင်းပြီးတော့မှ ရဲစခန်းမှာ အမှုဖွင့်သင့်ရင်ဖွင့်ပါဆိုတော့ အခု ကျနော် အမှုဖွင့်ဖို့ အခုမှစီစဉ်နေရပါတယ်"
မအူပင်မြို့နယ်မှာ အထက်တန်းနဲ့ အလယ်တန်းကျောင်း ၂၇ ကျောင်း၊ အလယ်တန်းကျောင်းခွဲ၊ မူလတန်း၊ မူလတန်းကျောင်းခွဲနဲ့ မူလတန်းလွန်ကျောင်းဆိုပြီး ၂၈၈ ကျောင်း ၊ စုစုပေါင်း ၃၁၅ ကျောင်းရှိပြီး ကျောင်းဆရာ၊ ဆရာမ ဝန်ထမ်းဦးရေ ၂ဝဝဝ နီးပါး ရှိပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ လစာငွေထုတ် ကော်မတီဝင်တွေက မအူပင်မြို့နယ် မြန်မာ့စီးပွားရေး ဘဏ်ကနေ ငွေကျပ် သိန်း ၂ ထောင် နီးပါးကို သွားရောက်ထုတ်ယူခဲ့ပြီး သက်ဆိုင်ရာ ကျေးရွာအုပ်စုအလိုက် အုပ်စု ၄ စုခွဲကာ ဆရာ၊ ဆရာမတွေကို လစာငွေခွဲပေးဖို့ တာဝန်ပေးခဲ့တယ်လို့ ပြောပါတယ်။
ငွေထုတ်တွေထဲမှာ စက္ကူတွေ သိန်း ၅ဝ နီးပါး ပါဝင်နေတာကြောင့် မူလတန်းကျောင်း၊ မူလတန်းလွန်ကျောင်း၊ အလယ်တန်းကျောင်းခွဲတွေက ဆရာ၊ ဆရာမ ၁၅၁၄ ယောက်ရဲ့ လစာငွေထဲက ကျပ်ငွေ ၃ ထောင်ကျော် လျှော့ ထုတ်ပေးခဲ့ပြီး ဆရာ၊ ဆရာမ အားလုံးကို လစာပေးထားရကာ ဖြေရှင်းပေးထားတယ်လို့ ဆိုပါတယ်။
မြန်မာ့စီးပွားရေးဘဏ်က ငွေထုတ်ယူတဲ့အခါ လွဲှချော်မှုတွေရှိခဲ့တာကြောင့် တိုင်းအဆင့် တာဝန်ရှိသူတွေနဲ့ ဌာနဆိုင်ရာအသီးသီးက လာရောက်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။
မအူပင်မြို့နယ် ဒုတိယပညာရေးမှူး ဦးမြင့်စိုးကို RFA သတင်းထောက် မခင်ပြည့်စုံ သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။