သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-31
ထိုင်းနိုင်ငံထဲကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ကျော်အတွင်း ဝင်ရောက်သွားကြတဲ့ မြန်မာဒုက္ခသည်တွေထဲက ပထမအသုတ်အနေနဲ့ အိမ်ထောင်စု ၁၉ ခုက လူ ၆၅ ဦးဟာ အောက်တိုဘာလ ၂၅ ရက်နေ့က မြန်မာနိုင်ငံ ကို ပြန်လည်ရောက်ရှိလာပါတယ်။
2016-10-31
မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆီတွေကို ဈေးကွက်တွေတွင်း ရောင်းချနေတာတွေရပြီး အန္တရာယ်ရှိတဲ့ ဆီစားသုံးမှုတွေကြောင့် နှလုံး၊ သွေးတိုး၊ ကင်ဆာနဲ့အတူ အသည်းရောဂါများ အဖြစ်များလာနေတဲ့အကြောင်း မသင်းသီရိက စုစည်းတင်ပြထားပါတယ်။
2016-10-31
အင်တာနက် ဖေ့စ်ဘွတ်လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ မြန်မာစာရေးသားမှုတွေဟာ သတ်ပုံသတ်ညွှန်း စံသတ်မှတ်ချက်တွေနဲ့ လွဲချော်တာတွေ များပြားလာတဲ့အပေါ် ဘာသာစကား ပျက်စီးသွားမယ့်အရေး ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။
2016-10-31
လာမယ့် နိုဝင်ဘာလအတွင်း မွန်တမျိုးသား လုံးကိုယ်စားပြုတဲ့ မွန်ပါတီပေါ်ထွန်းရေး လမ်းစဉ်ကို ရေးဆွဲပေးဖို့နဲ့ အကောင်အထည်မဖော်နိုင်ရင် ပါတီဝင်အဖြစ်ကနေ နှုတ်ထွက်ကြမှာဖြစ်ကြောင်း မွန်ပြည် နယ် ချောင်းဆုံမြို့နယ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ ခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေက ပါတီဗဟိုထံ မနေ့က တောင်းဆိုလိုက်ပါတယ်။
2016-10-31
ချင်းပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း မိုး များနေတာကြောင့် တီးတိန်-တွန်းဇံလမ်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ကစ ပြီး မြေပြိုတာတွေဖြစ်နေတဲ့အတွက် ကုန်တင်ယာဉ်တွေ အပါအဝင် ကားအစီးရေ တစ်ရာလောက် ပိတ်မိနေတယ် လို့ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုး က ပြောပါတယ်။
2016-10-31
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးပြီး နိုင်ငံတော် က ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်မှာ ပါဝင်ကြဖို့ KIA ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီကနေ့ ဒေသခံတိုင်းရင်းသား ၈ ထောင်ကျော် ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-10-31
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် မှာ အစိုးရတပ်မတော်နဲ့ TNLA တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ မနေ့ကစပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။
2016-10-30
ပြီးခဲ့တဲ့ အစိုးရလက်ထက်က လုပ်ပိုင်ခွင့်တွေ ချပေးထားခဲ့တဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းက စီမံကိန်းတွေကို လက်ရှိအစိုးရသစ်က ပြန်လည် စိစစ်ရာမှာ လမ်းသစ်စီမံကိန်း၊ စက်သုံးဆီ သိုလှောင်ကန် စီမံကိန်း နဲ့ တောင်သမန်သစ္စာ စီမံကိန်းတွေကို ယာယီဆိုင်းငံ့ထားဖို့ ညွှန်ကြား ထားပါတယ်။
2016-10-30
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ကစပြီး မိုင်းလားအထူးဒေသ (၄)ဧရိယာအတွင်း အစိုးရ တပ်မတော်နဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့ကြား စစ်ရေးတင်းမာနေတာကြောင့် မိုင်းလားမြို့ကို နိုင်ငံခြားသား ခရီးသည်တွေ ဝင်ရောက်လည်ပတ်မှု မရှိသလောက် နည်းပါးသွားတယ်လို့ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်အသင်း ရွှေတြိဂံဇုန်ဥက္ကဌ ဦးစိုးရွှေ က ပြောပါတယ်။
2016-10-30
ရခိုင်ပြည်နယ်မှာ ဒေသခံတွေကို ဒေသန္တရ ရဲတပ်ဖွဲ့ဝင်တွေအဖြစ် သင်တန်းပေးပြီး လက်နက် တပ်ဆင်ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့ စီစဉ်နေပါတယ်။ အခြေခံပညာ မူလတန်းအဆင့်ရှိပြီး အသက် ၃၅ နှစ်အောက် အရွယ်ရှိတဲ့ ဒေသခံတွေအနေနဲ့ ဒေသန္တရ ရဲတပ်ဖွဲ့ဝင်အဖြစ် လျှောက်ထား နိုင်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။
2016-10-30
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ် မှာ ငွေကျပ်သိန်း ၇ သောင်းနီးပါး တန်ဖိုးရှိ တဲ့ မူးယစ်ဆေးဝါးတွေကို မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။
2016-10-30
ပြီးခဲ့တဲ့ အစိုးရလက်ထက်က လုပ်ပိုင် ခွင့်ပြုပေးခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး အတွင်းက စီမံကိန်း ၃ ခု ဟာ ပြန်လည် စိစစ်ဖို့ လိုအပ်တာကြောင့် ယာယီဆိုင်းငံ့ဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားလိုက်ပါတယ်။
2016-10-30
မိုင်းလားအထူးဒေသ ၄ ဧရိယာမှာ အစိုးရ တပ်မတော်နဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တို့ကြား စစ်ရေးတင်း မာနေတာကြောင့် မိုင်းလား မြို့အတွင်း လာရောက်လည် ပတ်တဲ့ နိုင်ငံခြားသား ခရီးသွားတွေ မရှိသလောက် နည်းပါး သွားတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေ က ပြော ပါတယ်။
2016-10-30
ရခိုင်ပြည်နယ်မှာ ဒေသခံတွေကို ရဲသင် တန်းပေးပြီး ဒေသန္တရရဲတပ်ဖွဲ့ ဖွဲ့ပေးဖို့ အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ပြည်နယ် အစိုးရ ပူးပေါင်းစီစဉ်နေတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ က ပြောပါတယ်။
2016-10-30
စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့ ဦးဇွဲနေဝင်းနဲ့ ဦးကျော်နေဝင်းတို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က ရှမ်းပြည်နယ် ဝန်ကြီးချုပ်အပါ အဝင် ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ်အစိုးရရုံးမှာ လာရောက်တွေ့ဆုံပြီး မူဆယ်မြို့နယ်အတွင်း လေ ယာဉ်ကွင်း တည်ဆောက်လိုကြောင်း တင်ပြခဲ့ ပါတယ်။