ပြည်တော်ပြန် ဒုက္ခသည်တွေရဲ့ မျှော်လင့်ချက်နဲ့ စိုးရွံ့မှုများ
2016.10.31
ထိုင်းနိုင်ငံထဲကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ကျော်အတွင်း ဝင်ရောက်သွားကြတဲ့ မြန်မာဒုက္ခသည်တွေထဲက ပထမ အသုတ်အနေနဲ့ အိမ်ထောင်စု ၁၉ ခုက လူ ၆၅ ဦးဟာ အောက်တိုဘာလ ၂၅ ရက်နေ့က မြန်မာနိုင်ငံ ကို ပြန်လည်ရောက်ရှိလာပါတယ်။ ပြည်တော်ပြန်လာသူတွေမှာ မျှော်လင့်ချက်တွေရှိနေသလို စိုးရွံ့မှုတွေလည်း ရှိနေကြတယ်လို့ပြောပြပါတယ်။ ဦးတင်အောင်ခိုင် က ဆက်လက်တင်ပြပါမယ်။