မိုင်းလားကို ခရီးသွားဧည့်သည် ဝင်ရောက်မှု နည်းပါး
2016.10.30
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ကစပြီး မိုင်းလားအထူးဒေသ (၄)ဧရိယာအတွင်း အစိုးရ တပ်မတော်နဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့ကြား စစ်ရေးတင်းမာနေတာကြောင့် မိုင်းလားမြို့ကို နိုင်ငံခြားသား ခရီးသည်တွေ ဝင်ရောက်လည်ပတ်မှု မရှိသလောက် နည်းပါးသွားတယ်လို့ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်အသင်း ရွှေတြိဂံဇုန်ဥက္ကဌ ဦးစိုးရွှေ က ပြောပါတယ်။
ရွှေတြိဂံဇုန်ဥက္ကဌ ဦးစိုးရွှေကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်း ထားပါတယ်။