သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-01-31
မြန်မာနိုင်ငံဟာ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ပြီး ၂၀၂၁ အရောက် မှာ လျှပ်စစ်ဓာတ်အား နှစ်ဆတိုးထုတ်လုပ်နိုင်အောင် စီစဉ်နေတယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူနှစ်ယောက်က ရိုက်တားစ်သတင်းဌာနကို မနေ့က ပြောကြားလိုက်ပါတယ်။
2018-01-31
မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ အလုပ်သမား အဖွဲ့တွေက အနည်းဆုံး အခကြေးငွေကို ငွေကျပ် ၅၆၀၀ ရရှိဖို့ နဲ့ အလုပ်ရှင်တွေက ၄ထောင်သာ သတ်မှတ်ပေးဖို့ တင်ပြမှုတွေ ရှိနေပါတယ်။
2018-01-31
ကချင်ပြည်နယ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပေါ်က လမ်းတံတား နဲ့ စက်ယန္တရားတချို့ကို ကေအိုင်အေက ဖျက်ဆီးလိုက်တာကြောင့် အဲဒီတဝိုက်မှာ အလုပ်လုပ်ကိုင်နေကြတဲ့ လမ်းလုပ်သား အယောက် ၅၀၀ ကျော်ဟာ ဆွမ်ပရာဘွမ်မှာ ခိုလှုံနေကြပါတယ်။
2018-01-31
ကချင်ပြည်နယ် တနိုင်းနဲ့ ဟူးကောင်းဒေသမှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ ပတ်သက်ပြီး ကချင် နိုင်ငံရေးပါတီများက စစ်ပွဲတွေ ချက်ခြင်းရပ်တန့်ဖို့ သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-01-31
ရခိုင်ပြည်နယ်က ထွက်ပြေးသွားခဲ့တဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက လူသားချင်းစာနာမှုအရ ဝင်ရောက်အကာကွယ်ပေးဖို့ တာဝန်ရှိမှု Responsibility to Protect (R2P) ဆိုင်ရာ ဆွေးနွေးပွဲတခုကို မနေ့ညနေက ဝါရှင်တန်ဒီစီရှိ ဂျော့ဝါရှင်တန်တက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။
2018-01-31
တပ်မတော်နဲ့ KIA တို့အကြား တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နန့်ကွမ်းရွာနဲ့ ချောင်းဆုံတို့မှာ ပိတ်မိနေတဲ့ ရွှေ့ပြောင်းအလုပ်သမား ၃ ထောင်ကျော် တနိုင်းမြို့ကို ရောက်ရှိလာဖို့အတွက် ကူညီဆောင်ရွက်ပေးဖို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနောင်နဂျာတန်နဲ့ တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးတို့က ပြည်သူ့လွှတ်တော်ဥက္ကဌထံ စာပေးပို့ထားပါတယ်။
2018-01-31
အစိုးရက အဆိုပြုထားတဲ့ အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ ကို မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ အလုပ်သမား အဖွဲ့အစည်းတွေနဲ့ အလုပ်ရှင် တချို့က ကန့်ကွက်ကြတယ်လို့ မန္တလေးတိုင်းဒေ သကြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဝင် ကိုသက်နှင်းအောင် က ဒီနေ့ ပြောပါတယ်။
2018-01-31
မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့နယ် ရဲစခန်းမှာ လူသတ်မှု ပုဒ်မ (၃၀၂) ၊ သေစေရန် ရည်ရွယ်၍ အကျိုးဖျက်ဆီးမှု ပုဒ်မ (၄၄၀)၊ အားပေးကူညီမှု ပုဒ်မ (၁၁၄) စတဲ့ ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
2018-01-31
ကချင်ပြည်နယ် တနိုင်းဒေသမှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေကြောင့် နမ့်ကွမ်းမှော်နဲ့ စမတ်စခန်းကြားမှာ ပိတ်မိနေတဲ့ လူဦးရေ ၃ ထောင်ကျော်ထဲက ဒီကနေ့အထိ ၁ ထောင်ကျော်လောက် တနိုင်းမြို့ဘက်ကို ထွက်လာနိုင်ပြီလို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောပါတယ်။
2018-01-31
ဘဏ်အတိုးနှုန်းတွေ လျှော့ချဖို့ အစီအစဉ် မရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဒုတိယဥက္ကဌ ဦးစိုးမင်း က ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
2018-01-31
မန္တလေး စက်မှုဇုန်မှာရှိတဲ့ Ve Ve အချိုရည် စက်ရုံက အလုပ်သမား ၈၀ ကျော်ဟာ လုပ်သက်နှစ် တိုးကြေးရရှိဖို့၊ လုပ်သက်ခွင့်ရရှိဖို့ အပါအဝင် အလုပ်သမား အခွင့်အရေး ၁၅ ချက်ကို စက်ရုံရှေ့မှာ ဆန္ဒပြ တောင်းဆိုကြပါတယ်။
2018-01-31
ရခိုင်ပြည်နယ်မှာ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ မြောက်ဦးဖြစ်စဉ်မှာ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းသူတွေကို ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူပေးဖို့ မင်းပြားမြို့မှာ ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုကြ ပါတယ်။
2018-01-31
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲဆိုခံထားရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို ဒီနေ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးရာ ကိုအောင်ကိုထွေး က အစစ်ဆေးမခံဘဲ တရားရုံးကို သပိတ်မှောက်ခဲ့ပါတယ်။
2018-01-31
ကချင်ပြည်နယ် တနိုင်းနဲ့ ဆွမ်ပရာဘွမ်ဒေသတွေ မှာ ဖြစ်ပွားနေတဲ့ အစိုးရတပ်မတော်နဲ့ KIA တို့ရဲ့ တိုက်ပွဲတွေဟာ ပြင်းထန်နေပြီး တနိုင်းဒေသ မှာ ဒေသခံတွေ ပိတ်မိနေပါတယ်။
2018-01-31
ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးဖို့ ဆန္ဒပြမှုမှာ ပါဝင်ခဲ့သူအများစုကို ကျောင်းထုတ်တာဟာ သက်ဆိုင်ရာ ကျောင်းအလိုက်စီမံခန့်ခွဲရေးအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်သာဖြစ်ပြီး ပညာရေးဝန်ကြီးဌာနက သီးခြားညွှန်ကြားထားတာမရှိကြောင်း အဆင့်မြင့် ပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်မင်း ကပြောပါတယ်။