ဆန္ဒပြကျောင်းသားတချို့ ကျောင်းထုတ်ခံရတဲ့အကြောင်း မေးမြန်းချက်
2018.01.31
ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးဖို့ ဆန္ဒပြမှုမှာ ပါဝင်ခဲ့သူအများစုကို ကျောင်းထုတ်တာဟာ သက်ဆိုင်ရာ ကျောင်းအလိုက်စီမံခန့်ခွဲရေးအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်သာဖြစ်ပြီး ပညာရေးဝန်ကြီးဌာနက သီးခြားညွှန်ကြားထားတာမရှိကြောင်း အဆင့်မြင့်ပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်မင်း ကပြောပါတယ်။
ကျောင်းထုတ်ခံရတဲ့ ကျောင်းသူ ကျောင်းသားတွေ အခြေအနေနဲ့ ပညာရေးဝန်ကြီးဌာန ဘတ်ဂျက်လိုအပ်ချက်တွေအပေါ် ဦးအောင်အောင်မင်း ကို RFA သတင်းထောက် မသက်စုအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။